မသန်စွမ်းသူအသံ

အမြင်အာရုံချိုတဲ့သော်လည်း မြန်မာစာပါမောက္ခဖြစ်ချင်သူ

ရန်ကုန်၊ မေ ၁၉
မွေးရာပါအမြင်အာရုံချို့ယွင်းခဲ့သော်လည်း စိတ်ဓာတ်ခွန်အား မကျ ဆင်းဘဲ ဝါသနာပါလှသော မြန်မာစာကိုလေ့လာရင်း မြန်မာစာ ပါမောက္ခတစ်ဦးဖြစ်ရန်အတွက် မိမိ၏အိပ်မက်ပန်းတိုင်ကို ဆက်လျှောက် နေသော ရှမ်းပြည်နယ်၊ တောင်ပိုင်း မိုးနဲနဲမြို့မှ မြန်မာစာအဓိကဖြင့် တတိယနှစ်တွင် တက်ရောက်သင်ယူနေသော မနန်းပိုင်ပိုအား ပဲ့တင်သံ ၏ မသန်စွမ်းသူကဏ္ဍမှ တင်ဆက်လိုက်ပါသည်။
မွေးကတည်းက မျက်လုံးကွယ် ခဲ့ရသည့်အတွက်ကြောင့် မိဘ၏ အကူအညီဖြင့် မျက်လုံးကိုကုသရာတွင် အားစိုက်မှုပြုခဲ့သော်လည်း မျက်လုံးပြန်လည် ကောင်းမွန်ခြင်းကို အာမမခံနိုင်သောကြောင့် ဆက် လက်ကုသခွင့်မရရှိခဲ့ကြောင်း၊ သူမ၏အဘွားဖြစ်သူအကူအညီများကြောင့် ခဝဲခြံမျက်မမြင်ကျောင်းသို့ရောက်ရှိကာ ပညာသင်ယူရကြောင်း၊ ခက်ခဲ သည့်ပညာရပ်ဖြစ်သော်လည်း ကောင်းမွန်စွာ အားစိုက်ထုတ်ရကြောင်း ပြောသည်။
ကျောင်းသူဘဝ၏ ရုန်းကန်ရမှုနှင့်ပတ်သက်ပြီး ပြန်ပြောင်းပြော သည်မှာ ”ကျောင်းနေစဉ်အခါက ခက်ခဲတာမှန်တယ်။ ကျောင်းစရောက် တော့ ငိုတောင်ငိုချင်တယ်။ ဘာကြောင့် ဒီလိုကျောင်းမှာ လာထားရ လည်းဆိုပြီး အမြဲတမ်းငြွေိုကးရတယ်။ နောက်ပိုင်း ဆရာ၊ ဆရာမတွေရဲ့ အားပေးမှု၊ ဘဝတူတွေရဲ့ ချစ်ခင်မှုတွေနဲ့နေရတော့ နေသားကျလာမိ တယ်။ စာရေးရာမှာလည်း ညာလက်နဲ့ရေးပြီးနောက်ကနေ ပြန်လှည့် ပြီးပြောင်းပြန် ပြန်ဖတ်ရတယ်။ စမ်းတော့ ဘယ်ဘက်နဲ့စမ်းပြီး ဖတ်ရ တယ်။ စစချင်းတော့ အထာမသိတော့ ခက်ခဲတယ်။ နောက်ပိုင်းကျင့် သားရသွားတဲ့အခါမှာ အဆင်ပြေသွားပါတယ်။ ပထမဦးဆုံးတော့ အခက်အခဲလေးတွေရှိခဲ့တယ်။ ဒီကျောင်းမှာကတော့ ကိုယ်လိုလူမျိုး တွေများတာ ရှိသလို၊ မျက်ကြည်လွှာနဲ့ ကုသဖို့စောင့်ဆိုင်းနေတဲ့ မျက် မမြင်တွေလည်း ရှိတယ်။ ကျွန်မရဲ့မျက်လုံး အာရုံစူးစိုက်မှုက အာရုံ ကြောအားနည်းစေတဲ့အတွက် သိပ်ပြီးစာကိုအာရုံစူးစိုက်ဖတ်လို့မရဘူး။ အာရုံစူးစိုက်မှုများလာရင် ခေါင်းတွေပါ ကိုက်လာရော။ လက်ရှိသာမန် လူတွေ သင်ရသလိုပဲ စာကိုသင်ရတာပါ။ ဘာမှပြောင်းလဲသွားတာတော့ မဟုတ်ဘူး။ ကျောင်းပိတ်ရက်ဆိုရင်တော့ အိမ်ပြန်ဖြစ်ပါတယ်” ဟု သူမ၏ ဘဝတစ်စိတ်တစ်ပိုင်းကို ပြောသည်။
မျက်မမြင်တစ်ဦး၏ စာပေလေ့လာမှုနှင့်ပတ်သက်၍ အားသာချက် များကို အကောင်းမြင်စိတ်ဖြင့် ပြောသည်မှာ ”သာမန်သူတွေလို စာဖတ် ရာမှာ မီးရှိမှ၊ ဖယောင်းတိုင်ရှိမှ ကျက်မှတ်ဖို့ မလိုအပ်ဘူး။ လက်က လေးနဲ့စမ်းပြီး ဖတ်ရုံဆိုတော့ ဒါဟာ သာမန်လူတွေထက်ကို သာလွန်နေ ပြီလို့ ပြောလို့ရတယ်။ မျက်စိမမြင်ပေမဲ့ မှောင်နေရင် လျှပ်စစ်မီးမလို ဘူး။ လက်နဲ့စမ်းလို့ရတယ်။ ဖတ်လို့ရတယ်။ ဒါက အားသာချက်လို့ ပြောလို့ရတယ်။ တချို့သော မျက်မမြင်တွေကတော့ သူတို့အလေ့အကျင့် နဲ့ သူတို့ကျက်မှတ်တယ်။ ကိုယ်ကလည်း ကိုယ်အလေ့အကျင့်နဲ့ ကျက် မှတ်တယ်”ဟု ပြောသည်။
အဖြစ်ချင်ဆုံး ဆန္ဒက ဘဝတူမသန်စွမ်းတွေကို တတ်နိုင်တဲ့အကူ အညီပေးနိုင်အောင် လုပ်ချင်ကြောင်း၊ တတ်နိုင်သမျှ ပရဟိတလုပ်ငန်း တွေကို လုပ်ကိုင်ပေးချင်ကြောင်း၊ ကိုယ် တတ်ကျွမ်းလိုသည့် မည်သည့် ဘာသာရပ်ကိုမဆို သင်ကြားခွင့်ရှိ ပြီး၊ ဆရာ၊ ဆရာမများ၏ အားပေး မှု၊ ချီးမြှင့်မြှောက်စားမှုများက တစ်ဦးတစ်ယောက်တည်းတင်မက အများ နည်းတူ တန်းတူအခွင့်အရေးရရှိကြောင်း၊ သို့ကြောင့်သာလျှင် ပညာ ကို ဆုံးခန်းတိုင်အောင် သင်ကြားသွားမည်ဖြစ်ကြောင်း သူမ၏ဆန္ဒ များကို ပြောသည်။
ဝ၁၄

More from မသန်စွမ်းသူအသံ

အမြင်အာရုံချို့ယွင်းသော်လည်း ပညာရေးရည်မှန်းချက် ကြီးမားခဲ့

ငယ်ရွယ်စဉ်ကတည်းက မျက်မမြင်မဟုတ်သော်လည်း ကလေးဘဝ မှာပင် အမြင်အာရုံမှုန်ဝါးခဲ့ပြီးနောက် အားကြိုးမာန်တက်ပညာဆည်းပူး သင်ယူမှုများဖြင့် ဘဝကို ရေရှည်ကြံ့ကြံ့ခံကာ read more

ပညာရေးနှင့်အလုပ်အကိုင်တွင် မသန်စွမ်းများအတွက် ကန့်သတ်ချက် မရှိသင့်

တက္ကသိုလ်ဝင်ခွင့်လျှောက်ရာတွင်လည်းကောင်း၊ အလုပ်လျှောက်ရာတွင်လည်းကောင်း မသန်စွမ်းများအတွက် ကန့်သတ်ချက်မရှိသင့်ဟု read more