ကမ္ဘာ့သတင်းစာမျက်နှာပေါ်က မြန်မာ

သတင်းထောက်များအပေါ် အကြမ်းဖက်မှု စုံစမ်းရန် တိုက်တွန်း

ရန်ကုန်၊ မတ် ၁၇

မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပညာရေးဥပဒေသစ်အား ကန့် ကွက်ဆန္ဒပြနေသော ကျောင်းသားများ၏ လှုပ်ရှားမှုကို သတင်းယူနေသည့် သတင်းသမားများအပေါ် ရဲအဖွဲ့က ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်နှင့် အပြစ် ကျူးလွန်သူများအား ပြစ်ဒဏ်မှကင်းလွတ်ခွင့်ပေးနေခြင်းကို ရပ်ဆိုင်းရန်လိုအပ်ကြောင်း သြစတြီးယားနိုင်ငံ၊ ဗီယင်နာ အခြေစိုက် နိုင်ငံတကာမီဒီယာအဖွဲ့ အစည်းတစ်ခုဖြစ် သည့်အိုင်ပီအိုင် (International Press Institute)က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော် ရန်ကုန်နှင့် ကီလိုမီတာ ၁၄၀ (မိုင် ၉၀)အကွာ လက်ပံတန်းမြို့မှ ချီတက်ထွက်ခွာရန် ကြိုးစားနေကြသော ဆန္ဒပြကျောင်းသား ၁၀ဝ နှင့် နံပါတ်တုတ်များ ကိုင်ဆောင် ထားကြသည့် ရဲအင်အား ၅၀ဝ ခန့်တို့အကြား အကြမ်းဖက်ထိပ်တိုက်တွေ့မှုတစ်ခုအတွင်း ပိတ်မိနေခဲ့ကြသောသတင်းထောက် အများအပြားကို ရဲများက ရိုက်နှက်ခဲ့ကြပြီး ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။ အိုင်ပီအိုင်၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ ဘာဘရာထရီယွန်ဖီ က အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိတ်လန့်တုန်လှုပ်မိကြောင်းနှင့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် မြန်မာအစိုးရသို့ တောင်းဆိုလိုက် သည်။ ထိုကိစ္စကို အကြောင်းပြု၍ မြန်မာဂျာနယ်လစ်ကွန်ရက်က မတ်လအတွင်း မြန်မာနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသည့် အိုင်ပီအိုင်ညီလာခံကို သပိတ်မှောက်ရန် တိုက်တွန်းခဲ့သည်။

ဝ၂၅၊ Ref: AP

More from ကမ္ဘာ့သတင်းစာမျက်နှာပေါ်က မြန်မာ

စီးပွားဖြစ်စိုက်ပျိုးရေးကြောင့် မြန်မာ့သစ်တောများ ပြုန်းတီး၊ ခြိမ်းခြောက်မှုအန္တရာယ်များ ရှိနေ

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများအား တံခါးဖွင့်ပေးလာသည်နှင့်အမျှ စီးပွားဖြစ်စိုက်ပျိုးရေးအတွက် သစ်တော ခုတ်ထွင်ရှင်းလင်းမှုမှာ စိုးရိမ်ဖွယ်ရာနှုန်းဖြင့် ကျယ်ပြန့်လာနေရာ သစ်တောပြုန်းတီးမှုကြောင့် တိုင်းရင်းသား လူနည်းစု ဒေသများရှိ ဇီဝမျိုးကွဲများနှင့် လူမှုအသိုင်းအဝိုင်းများမှာ ခြိမ်းခြောက်ခံနေရကြောင်း read more

တရုတ်နယ်နိမိတ်အတွင်း ဗုံးကျ၍ လူသေဆုံး ဒဏ်ရာရရှိခဲ့မှု တရုတ်ဝန်ကြီးချုပ်နှင့်စစ်ဘက်တို့က မြန်မာကို ပြင်းထန်စွာသတိပေး

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းတွင် ကိုးကန့်လက်နက်ကိုင်များအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မြန်မာ့တပ်မတော်လေ ယာဉ်များ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁၃.၃. ၁၅) သောကြာနေ့က တရုတ်နယ်နိမိတ်အတွင်း ဗုံးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့ရာ တရုတ်နိုင်ငံသား ၄ ဦးသေဆုံး၍ ၉ ဦး ဒဏ်ရာရခဲ့ခြင်းအတွက် တရုတ်ဝန်ကြီးချုပ် လီခချန်းက မြန်မာအစိုးရအား read more