၁၉၈၈ မှသည် – ၂၀၁၅ ဆီသို့

ရှစ်လေးလုံးအရေးတော်ပုံကိုသင်ခန်းစာယူကာ ၂၀၁၅ ကို မည်သို့ ဖြတ်သန်းမည်နည်း

ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုးဟူသည့် စကားပုံ အတိုင်း ၂၆ နှစ်ကြာ အုပ်စိုးခဲ့သော မဆလတစ်ပါတီအာဏာရှင်စနစ်ကိုတွန်းလှန်ခဲ့ရာ စစ်အစိုးရလက်ထက်တွင် နောက်ထပ် ၂၄ နှစ်ကျော် နေခဲ့ရပါသည်။ ယခုအခါ ပါတီစုံဒီမိုကရေစီစနစ်သို့ ခြေချစပြုပြီဖြစ်သော်လည်း မြန်မာ့အနာဂတ်လမ်းခရီးသည်အတိအကျရည်ရော်မှန်းဆရန် ခက်ခဲနေဆဲပင်ဖြစ်ပါသည်။ ထို့ကြောင့်ရှစ်လေးလုံးအရေးတော်ပုံကို သင်ခန်းစာယူကာ ၂၀၁၅ ကို ဖြတ်သန်းရန်အတွက် လိုအပ်မည့်နိုင်ငံရေးအတွေးအခေါ်နှင့်တန်ဖိုးများအကြောင်း သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင်နှင့်လည်းကောင်း၊ အလွတ်သတင်းထောက်လယ်ရီဂျေဂင်နှင့်လည်းကောင်း ပဲ့တင်သံက မေးမြန်းခဲ့ပါသည်။ ထိုအမေးအဖြေများမှ အောက်ပါတို့ကိုကောက်နုတ်တင်ပြအပ်ပါသည်။
မေး။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကနိုင်ငံရေးအိုင်ဒီယာတစ်ခုကို ဇောင်းတင်ပြီးအဲဒီလမ်းကြောင်းပေါ်ကို လျှောက်တယ်လို့ ယူဆနိုင်တာ ပေါ့။ အခုနောက်ပိုင်းကျတော့ USDP ပဲဖြစ်ဖြစ်၊ NLDပဲဖြစ်ဖြစ်၊ တခြားနိုင်ငံရေးလှုပ်ရှားသူတွေပဲဖြစ်ဖြစ် ပေါ်လာပေမဲ့ နိုင်ငံရေးအိုင်ဒီယာတစ်ခုကိုသိသာ၊ မြင်သာအောင်ထုတ်မပြောကြဘူး။ အခုနောက်ပိုင်းလူတွေက အစိုးရကို ဆန့်ကျင်တာကိုနိုင်ငံရေးလိုလိုနားလည်သွားကြတဲ့အခါကျတော့ နိုင်ငံရေးအိုင်ဒီယာ အားနည်းတဲ့ကိစ္စအပေါ်မှာလည်း ဆွေးနွေးပေးပါဦး။
ဦးဝင်းတင်။ ။ ၈၈ မျိုးဆက်ကခေါင်းဆောင်တွေကို ကျွန်တော်ပြောတယ်။ တို့တွေဆီမှာ နိုင်ငံရေးတတ်တဲ့လူလိုနေတယ်။ နိုင်ငံရေးပီပီပြင်ပြင်လုပ်တဲ့လူ၊ နိုင်ငံရေးပွင့်ပွင့်လင်းလင်းလုပ်တဲ့လူလိုနေတယ်ပေါ့လေ။ ငါကတော့ဘာနိုင်ငံရေးလုပ်တယ်လို့ ထုတ်ပြောတဲ့လူမျိုးလိုတယ်။ မင်းတို့ အခုလုပ်နေတဲ့လိုင်းတွေကပံ့ပိုးမှုလိုင်း။ ငါဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ အမေရိကားမှာ ပြောင်းလဲမှုဖြစ်စဉ်ကြီးတွေကိုလေ့လာပြီး သဘောတရားတွေအကြောင်းရေးထားတဲ့စာအုပ်ပေါ့။ လူတွေ ဘယ်လိုရွှေ့ပြောင်းသလဲ။ အဲဒီပြောင်းရွှေ့မှုကြောင့် ယဉ်ကျေးမှုဘယ်လိုပြောင်းသလဲ။ ကျောင်းသား မိဘတွေဘာတွေက ဘယ်လိုလုပ်ပြီးတော့ ပညာရေးမှာလွှမ်းမိုး နိုင်ခဲ့လဲ။ ပညာရေးမှာကျောင်းဆရာတွေခန့်တာတို့၊ ကျောင်းသုံးစာအုပ်တွေ ပြဋ္ဌာန်းတာတို့၊ သင်ရိုးညွှန်းတမ်းတွေဘယ်လိုလုပ်သလဲ။ ဒါတွေက ခုနကပြောတဲ့ လူမှုရေးပံ့ပိုးမှုလိုင်းတွေပဲ။ သို့သော် အခု တို့ဗမာပြည်မှာ ဒါတွေနဲ့ပဲ ပြီးလို့မရဘူး။ တို့မှာက ရှင်းရှင်းပြောရရင်တတ်တဲ့သူမရှိဘူး။ နိုင်ငံရေးမှာ တိုက်တဲ့သူမရှိဘူး။ ဥပမာ NLD ဟာမျိုးမှာတောင် တကယ်တိုက်တဲ့လူမရှိဘူး။ အဲဒီလိုဖြစ်နေတယ်လို့ ငါထင်တယ်။ အဲဒီတော့ မင်းတို့နိုင်ငံရေးပါတီဖွဲ့ရမှာပဲ။ တို့ဗမာစကားရှိတယ်။ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားဆိုတဲ့စကားရှိတယ်။ တို့တွေဟာ တစ်လှေတည်းမစီးနိုင်ရင်သာ ဖြစ်ရင်ဖြစ်မယ်။ တစ်ခရီးတည်းတော့သွားရလိမ့် မယ်။ တစ်လှေတည်း စီးနိုင်မှလည်းဖြစ်မယ်။ ဖြစ်နိုင်ရင်မင်းတို့ NLD ထဲဝင်ကြပါ။ တို့ လူတွေလိုတယ်၊ အားတွေလိုတယ်။ တိုက်မယ့်သူလိုတယ်။ တိုက်တဲ့သူမရှိဘဲနဲ့ နိုင်ငံရေးကမဖြစ်ဘူး။ နိုင်ငံရေးတိုက်ပွဲမဝင်ဘဲနဲ့ နိုင်ငံရေးစကားချည်းပဲပြောနေလို့တော့မရဘူးထင်တယ်။ နိုင်ငံရေးတိုက်ပွဲ ဝင်ရမယ့်အချိန်ဖြစ်တယ်။ ကျွန်တော့်အမြင်ကတော့နိုင်ငံရေးကို ဖန်တီးတဲ့သူလိုကိုလို တယ်။ ဒီအတိုင်းသွားလို့မရဘူး။ ကမ္ဘာကြီးရဲ့အနေအထားအရလည်း အခုဒီမိုကရေစီမှန်တယ်လို့ ပြောပေမဲ့ နောက် ဘယ်လောက်ကြာကြာ ဒီမိုကရေစီ ဖြစ်နေဦးမယ်ဆိုတာကျွန်တော်တို့မသိဘူး။ ဘာပဲပြောပြော နိုင်ငံရေးတိုက်ပွဲတစ်ခု၊ နိုင်ငံရေးရည်မှန်းချက်တစ်ခုထားပြီးတော့ နိုင်ငံရေးအဖွဲ့အစည်း၊ လူ့အဖွဲ့ အစည်းတစ်ခုထူထောင်ဖို့အတွက် လုပ်တာလို့ မှတ်ယူပြီးတော့လုပ်ရမယ်လို့ ကျွန်တော် ထင်တယ်။ ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်ထူထောင်ဖို့အတွက် ဒီမိုကရေစီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ ပီပီသသ ပြောရလိမ့်မယ်၊ ပီပီသသအလုပ်လုပ်ရလိမ့်မယ်၊ ပီပီသသတိုက်ပွဲဝင်ရလိမ့်မယ်လို့ထင်တယ်။ အဲဒီလိုမှမပြောဘဲနဲ့ စစ်အစိုးရပြောတဲ့ဟာလိုလို၊ ဟိုလိုလို၊ ဒီလိုလို။ ဒီမိုကရေစီဆိုတာကို ရဲရဲဝံ့ဝံ့ကိုပြောရဲရမယ်။ ဟောဒါ ဒီမိုကရေစီပဲ၊ ဒါ ဒီလိုလုပ်မှဖြစ်မယ် မပြောဝံ့ဘဲနဲ့ဆိုရင်တော့ ဝေ့ပြီးတော့ ဒီအတိုင်းပဲဖြစ်နေမှာပဲလို့။ ကျွန်တော်တော့အဲဒီလိုပဲထင်တယ်။
မေး။ ဘာဖြစ်လို့လမ်းစဉ်ပါတီကျဆုံးခဲ့ရတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ လမ်းစဉ်ပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို နှိုင်းယှဉ်ကြည့်ရင်လမ်းစဉ်ပါတီက ပိုပြီးတော့အင်အားလည်းကောင်းတယ်။ လမ်းစဉ်ပါတီက အာဏာရှိရုံသာမက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့နှိုင်းယှဉ်ရင် နိုင်ငံရေးမူဝါဒမှာလည်း အားသာတာတွေ့ရတယ်။ အဲဒီလိုအာဏာတောင့်တင်းပြီး နိုင်ငံရေးမူဝါဒနောက်ခံအားကောင်းတဲ့လမ်းစဉ်ပါတီက ကျဆုံးခဲ့ရတယ်ဆိုတာ ဘာဖြစ်လို့ပါလဲ။
လယ်ရီဂျေဂင်။ ။ လမ်းစဉ်ပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုနှိုင်းယှဉ်တဲ့အပေါ် အသေအချာကိုသဘောတူမိပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကတကယ်တော့ ပါတီတစ်ရပ်မဟုတ်ပါဘူး။ သဘောထားတင်းမာသူတွေနဲ့အလယ်အလတ်သမားတွေ ကွဲနေကြပါတယ်။ ဦးသိန်းစိန်ထောက်ခံသူတွေနဲ့ ဦးရွှေမန်းလိုလားသူတွေရယ်လို့ ဖြစ်နေတာတွေဟာ ပါတီတစ်ရပ်ဖွဲ့စည်း ပုံမျိုးမရှိဘူးလို့ ဆိုလိုတာပါ။ လူတွေက သူတို့ပါတီထဲဝင်ဖို့ဖိအားပေးခံထားကြရတာပါ။ ပြီးတော့ပါလီမန်ထဲဝင်ဖို့ ဖိအားပေးခံခဲ့ရတယ်။ ဝန်ကြီး တစ်ယောက်နဲ့ စကားပြောကြည့်တဲ့အခါ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပါလီမန် အမတ်တော်တော်များများဟာ တကယ်တမ်းကျတော့ အတွေးအခေါ်မရှိကြ ဘူး။ ဝန်ကြီးတွေက အရည်အချင်း ရှိကြပါတယ်။ ဒီတော့ အတိအကျ ပြောရရင် လမ်းစဉ်ပါတီဟာ တကယ့်ကို ယုံကြည်မှုအပြည့်ရှိတဲ့ပါတီပဲ။ ပါတီတစ်ရပ်ရဲ့ဖွဲ့စည်းပုံရှိတယ်။ သူတို့ဘာလုပ်မယ်ဆိုတာ ပြတ်သားတဲ့ အမြင်တစ်ရပ် ရှိတယ်။ ပြီးတော့ နိုင်ငံရေးမူဝါဒရှိတယ်။ လမ်းစဉ်ပါတီရဲ့ ပြဿနာက နိုင်ငံအကြီးအကဲက လူတွေရဲ့လေးစားကျိုးနွံတာ ခံယူချင်နေ တဲ့ပြဿနာဟောင်းပဲ ဖြစ်တယ်။ နိုင်ငံစီးပွားရေးက အလွန်အမင်း နိမ့်ကျ နေတဲ့အခါမှာ အဲဒီအချက်က ကောင်းကောင်းတာသွားတော့တာပဲ။ အထူး သဖြင့် လူမှုအဖွဲ့အစည်းတစ်ရပ်မှာ ကိုယ့်အခန်းကဏ္ဍကို လွတ်လပ်စွာ ရွေးချယ်ခွင့်မရှိတဲ့ မူဝါဒ(Paternalism)၊ အထက်အောက်ဆိုတဲ့ တင်းကျပ်တဲ့ ဖွဲ့စည်းပုံအဆင့်ဆင့် (Heirarchy) စတဲ့သဘောတရားတွေရှိနေတယ်ဆိုရင် လူထုက ကျိုးနွံတဲ့ ခေါင်းဆောင်မျိုးလုပ်မယ့်နိုင်ငံသားတစ်ယောက်ကတော့လိုအပ်မှာပေါ့။ ဒီသဘောတရားကအလုပ်ဖြစ်မှာပေါ့။ ဒါပေမဲ့လူမှုအဖွဲ့အစည်းကအများကြီးပြောင်းလဲသွားတဲ့အခါမှာ အဲဒီအချက်ကစကားပြောလာပါတယ်။ စီးပွားရေးတိုးတက်မှုအစပြုလာတဲ့အခါ အဲဒီစီးပွားရေးကို ဦးနေဝင်းနဲ့လမ်းစဉ်ပါတီတို့ကဖျက်ဆီးခဲ့ကြတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ပြည်သူတွေနိုင်ငံခြားထွက်ကြတဲ့အခါကျတော့ အမေရိကန်ပြည်ထောင်စုကိုစစ်တပ်က လူတွေလည်း သွားကြရပါတယ်။ ရေတပ်ကလူတွေက UK ကို ရောက်ကြပါတယ်။ အဲဒီမှာသူတို့ ပြင်ပကမ္ဘာကို တွေ့ခဲ့ကြရတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကောင်စီအစိုးရ (SLORC, SPDC) တို့လောက် အထီးကျန်အပယ်ခံမဖြစ်ခဲ့ဘူးလို့ဆိုနိုင်ပါတယ်။ ဒီတော့ပြည်သူတွေက တခြားအပြောင်းအလဲတွေ မြင်လာခဲ့ကြတယ်။ ပညာရေးဘက်ကိုပဲအစပြုအားပေးကြည့်မယ်ဆိုရင်ငွေထက်ပိုပြီးလိုချင်တာတွေရှိလာတဲ့ ကျွမ်းကျင်လုပ်သားတွေ၊ အတတ်ပညာရှင်တွေကဘာကိုမဆိုလွယ်လွယ်နဲ့ယုံနိုင်မယ်မဟုတ်ဘူး။ လူတစ်ယောက်ကိုသူ လိုချင်တဲ့ငွေရဖို့ အလုပ်ကောင်းကောင်းတစ်ခုပေးရုံနဲ့ကျေနပ်သွားအောင် လုပ်လို့ရမလား။ သူတို့တစ်တွေက နိုင်ငံတကာနဲ့ ယှဉ်လာပြီ။ ဒါဟာလမ်းစဉ်ပါတီကို မလှုပ် နိုင်အောင် တုပ်နှောင်လိုက်တဲ့အကြောင်းရင်းတစ်ချက်ပဲလို့ ကျွန်တော် ထင်ပါတယ်။ လူ့အဖွဲ့အစည်းက အင်မတန် မြန်မြန်ရွေ့လျားသွားနေတာ လေ။ ဦးနေဝင်းအတွေး မှန်တယ်လို့ထင်ခဲ့တာလည်း ဒီအချက်ကြောင့်ပါပဲ။ ဒါဟာ ဆိုရှယ်လစ်အာသီသ မပြင်းပြတော့တဲ့ ပြည်သူတွေဆီကို ပါတီစုံ ဒီမိုကရေစီအသွင်ပုံစံတစ်မျိုး ပေးအပ်ဖို့ ကြိုးစားရှာဖွေမှုတစ်ရပ် ဖြစ်ပါ တယ်။
ပြီးတော့ သိပ်ပြီးရှင်းတဲ့အချက်တစ်ချက်က မြန်မာ ဒါမှမဟုတ် Burmaဆိုတဲ့နိုင်ငံအတွက် ဝမ်းနည်းစရာအကောင်းဆုံးတွေထဲကအရာတစ်ခုဟာ ၈၈ ခုနှစ်အပြီးပညာရေးစနစ်မှာ ဖြစ်ပျက်သွားခဲ့တာတွေပါပဲ။ ကျွန်တော်တို့မျိုးဆက်နှစ်ခုကနေသုံးခုအထိ ဆုံးရှုံးခဲ့ရတယ်။ ဒါဟာအရမ်းကိုကြီးကျယ်တဲ့ဆုံးရှုံးမှုပါ။ ကျွန်တော်ဒေါသအဖြစ်ရဆုံးအချက်လို့ဆိုလိုချင်တာလည်းဖြစ်ပါတယ်။ ဆိုလိုချင်တာကခင်ဗျားကိုယ်တိုင်နဲ့တခြားလူတွေ ထောင်ချခံရတာဟာတကယ့်ကိုထိတ်လန့်စရာ၊ ခံစားခဲ့ရတာတွေပါ။ ကျွန်တော်နဲ့သိတဲ့လူတွေလည်းထောင်ချခံရ၊ ထောင်ထဲမှာ သေလုမျောပါးခံစားရနဲ့။ ဒါပေမဲ့ အဲဒါတွေအားလုံးထဲကမှတကယ့်ကိုဝမ်းနည်းစရာ အကောင်းဆုံးဖြစ်ရပ်ကတော့ပညာရေးစနစ်ဖျက်ဆီးခံရတာပါပဲ။ SPDC နဲ့ SLORC အစိုးရတို့ နိုင်ငံရဲ့အခြေအနေအရပ်ရပ်ကို ပိုပြီးထိထိရောက် ရောက်ထိန်းချုပ်နိုင်ခဲ့တဲ့နောက်ထပ်အကြောင်းရင်းတစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ထင်ပါတယ်။ လူမှုရေးနဲ့စီးပွားရေးအပြောင်းအလဲတွေကအာဏာရှင်အုပ်ချုပ်ရေးကို အရသာပျက်ပြယ်စေလိမ့်မယ်လို့။
မေး။ ။ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့နိုင်ငံရေးမူဝါဒတစ်ရပ်ရှိဖို့ဆိုတာ အထူးတလည်ကိုအရေးပါတဲ့အချက်တစ်ရပ် ဖြစ်တယ်လို့ခံယူပါတယ်။ ဒါပေမဲ့အခုတော့ နုံချာလှတဲ့ပညာရေးကြောင့်ပဲလားတော့မသိဘူး။ လူတွေက နိုင်ငံရေးမူဝါဒတစ်ရပ်ရှိဖို့ရော သမာရိုးကျပါတီဝင်တစ်ယောက်ဖြစ်ဖို့ဆိုတဲ့အသိပါ တကယ့်ကိုမရှိကြပါဘူး။ ဆိုတော့ ၂၀၁၅ ခုနှစ်မှာ တစ်ယောက်ယောက်ကို ရွေးချယ်မယ့်လူထုအတွက် ဘယ်နိုင်ငံရေးပါတီကို ရွေးချယ်ကြမလဲဆိုတဲ့နေရာမှာ ဘာကိုအခြေခံပြီးဆန္ဒမဲပေးရွေးချယ်ကြရ မှာလဲ။ နိုင်ငံရေးပါတီတွေကရောဘာကိုအခြေခံပြီးယှဉ်ပြိုင်ကြရမှာလဲ။ အကြံပြု ပြောပြပေးပါလား။
လယ်ရီဂျေဂင်။ ။ နိုင်ငံရေးသတ္တဝါတစ်ယောက်အနေနဲ့မြန်မာပြည်က နိုင်ငံရေးသတင်းတွေရေးပေးခဲ့တာ နှစ်အတော်ကြာလာတဲ့အခါမှာ နိုင်ငံရေးမူဝါဒဆိုတာထက် ကျွန်တော့်အမြင်မှာ တန်ဖိုးလို့ခေါ်ရတာကို ပိုပြီးနှစ်သက်ပါတယ်။ စာရိတ္တနဲ့ကိုယ်ကျင့်သိက္ခာတို့ဟာ အရမ်းအရမ်းကိုအရေးပါတဲ့အရာတွေပါ ပဲ။ တစ်ယောက်ယောက်က တစ်စုံတစ်ခုအတွက် ရပ်တည်တယ်ဆိုပါတော့၊ ဘာလဲဆိုတာခင်ဗျားသိပါတယ်။ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဆိုပါစို့။ သူတို့ဟာ ဆင်းရဲ သားပြည်သူတွေအတွက်ပိုပြီးတော့ ဥပဒေသဘောအရ၊ တရားမျှတမှုကိုဖြန့်ကြက်ပေးကြရတယ်။ ဒီနေရာမှာ ကျွန်တော် အမြဲပြောလေ့ရှိတဲ့ဒီမိုက ရေစီသက်သေခံကတစ်ခါပြန်ပေါ်လာပြီ။ နိုင်ငံရေးမူဝါဒတန်ဖိုးနဲ့ကိုယ်ကျင့်သိက္ခာတရားတွေဟာ အင်မတန်မှကိုအရေးပါလှပါတယ်။ ဒါပေမဲ့ဒါကိုလွယ်လွယ်လေးနဲ့တော့ အဓိပ္ပာယ်ဖွင့်နိုင်တာ မဟုတ်ဘူး။ ကျွန်တော် ထင်တယ် ဒါဟာအားမွေးနေချိန်မှာ စိုးရိမ်ပူပန်နေတာပဲ။ ပြီးတော့ ဒါကအချိန်အခိုက် အတန့်ကာလတစ်ခုမှာသာဖြစ်တာ ပါ။ ဒါဟာ လူ့ရဲ့ကိုယ်ရည်ကိုယ်သွေးပါပဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့စကား ပြောဖြစ်ကြတဲ့တစ်ရက်မှာ ပါတီရဲ့ပထဝီအနေအထားနဲ့ပတ်သက်ပြီး ကွဲပြားခြားနားမှုတွေကို စူးစမ်းကြည့်ရင်း၊ အဲဒီကိုယ်ရည်ကိုယ်သွေးကိစ္စကို ကံမကောင်းအကြောင်းမလှစွာပဲတွေ့ခဲ့ရတယ်။ ဒါဟာ တကယ်ကိုစိုးရိမ်စရာအချက်ပါ။ အဲဒီကိစ္စက ရွေးကောက်ပွဲကို ဖက်ရှင်ပွဲတစ်ခုလို၊ ပေါ့ပ်ဂီတပွဲတစ်ရပ်လို၊ လူကြိုက်များတာပြိုင်တဲ့ပုံစံ ဖြစ်သွားအောင် လွယ်လွယ်လေး လုပ်ပစ်လိုက်တာပဲ။ ဒါဟာ အထူးသဖြင့် ရွေးကောက်ပွဲတစ်ရပ်မှာမဲပေးပိုင်ခွင့်ရှိသူတစ်ယောက်အတွက်တော့ ပေါ်ပြူလာဖြစ်တဲ့သူကိုရွေးတာမျိုးဖြစ်သင့်တယ်လို့ ကျွန်တော်မထင်ပါဘူး။ တစ်ယောက်ယောက်က ပြောမယ်၊ ငါက ပညာတတ်၊ ပညာတွေသင်လာတာ၊ စိုက်ပျိုးရေး မဟာဘွဲ့ယူထားတာ၊ ဘာညာဘာညာပေါ့။ ဆိုလိုတာကလူတွေကို ရွေးချယ်ရာမှာ သူတို့ရဲ့အရည်အချင်းပြည့်ဝမှုနဲ့ အတွေ့အကြုံတွေပေါ်မှာ အခြေခံရွေးချယ်နိုင်တယ်ဆိုတာပါ။ ဒါပေမဲ့လာမယ့်ရွေးကောက်ပွဲမှာ အဲဒီလို ဖြစ်မှဖြစ်ပါ့မလားဆိုတာ သံသယတော့ဖြစ်မိပါရဲ့။ အဲဒီအတိုင်း တကယ်ဖြစ်လာဖို့လည်း မသေချာပါဘူး။ ကျွန်တော် စိုးရိမ်နေသေးတဲ့အချက်က မြန်မာဒါမှမဟုတ် ကြမော လို့ခေါ်တဲ့နိုင်ငံဟာ၊ နိုင်ငံရေးအခါသမယမျိုး ပွင့်ထွက် မလာသေးတာပဲ။
မေး။ ။ အလွတ်သတင်းသမားတစ်ယောက်လည်းဖြစ်၊ နိုင်ငံခြားသားလည်းဖြစ်တော့ အပြင်ကနေကြည့်ရင် မြန်မာနိုင်ငံဟာ ၁၉၈၈ နဲ့ ၂၀၁၃ ကြားမှာ ဘာကွာခြားသွားလဲ။ အနှစ်အစိတ်ကွာသွားတယ် ဆိုတာပဲလား။
လယ်ရီဂျေဂင်။ ။ ၈၈ ခုနှစ်ကနေ၊ ၂၅ နှစ်တာကာလဖြတ်သန်းခဲ့ပြီး၊ အခု ၂၀၁၃ ခုနှစ်မှာဘယ်နေရာမှ များများစားစားပြောင်းလဲသွားတယ်လို့ ကျွန်တော် မထင်ပါဘူး။ မျှော်လင့်ချက်ကအဲဒီမှာပါ။ အောင်နိုင်ဦးဆိုတဲ့ ကျောင်းသားတစ်ယောက်နဲ့အဲဒီတုန်းကပြောခဲ့ဖူးတာကို အမှတ်ရမိတယ်။ ဒီမိုကရေစီ ဒီမိုကရေစီနဲ့ပြောနေတာ ဘာကိုဆိုလိုတာလဲလို့ ကျွန်တော်ကမေးတော့ သူ မသိဘူးတဲ့။ သူတို့ အဘိဓာန်စာအုပ်ထဲမှာ ရှာကြည့်ကြရတယ်တဲ့။ နောက် တစ်ခါလူတွေက ရွေးချယ်ခွင့်နဲ့လွတ်လပ်စွာရေးသား ပြောဆိုခွင့်ဆိုတာတွေပြောလာကြတော့လည်း ကျွန်တော် စူးစမ်းကြည့်မိပါတယ်တဲ့။ ကျွန်တော်ထင်ပါတယ်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလကတည်းက အထီးကျန်နိုင်ငံအဖြစ်နေခဲ့တော့ ဒီကနေ့ခေတ်မှာလည်း ဒီမိုကရေစီဆိုတာ ဘာမှန်းတကယ်မသိဘဲနဲ့ ဒီမိုကရေစီဆိုတာကိုရချင်စိတ်တွေ ပြင်းပြနေကြတာ တွေ့ရတယ်။ ဒီမိုကရေစီဆိုတာ ဂါထာမန္တရားတစ်ခုလိုကျနေတာပဲ။ ၈၈ ခုနဲ့ ၂၀၁၃ ခု ကို ယှဉ်ကြည့်ရင်တော့ ဒီမိုကရေစီလိုချင် တယ်လို့ လူတွေကပြောကြတာဟာ စစ်တပ်ကိုမလိုချင်ဘူး၊ ဖိနှိပ်တဲ့အုပ်ချုပ်မှုကို မလိုချင်ဘူးလို့ဆိုလိုတာပဲဖြစ်တာ တွေ့ရတယ်။ ဒါဟာသူတို့ရဲ့ဆိုလိုရင်းပဲ။ မကြာသေးခင်က ဌာနချုပ်ရုံးအရှေ့က ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်မှာ လူတစ်ယောက်နဲ့ စကားပြောဖြစ်တာကို သတိရမိတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အနိုင်ရပြီးစပေါ့။ ဒေါ် အောင်ဆန်းစုကြည်ရွေးကောက်ခံရတာက မင်းအတွက် ဘာများထူးခြားတာရှိလို့လဲလို့ ကျွန်တော်က မေးတယ်။ အဲဒီလူက တို့ ဒီမိုကရေစီ ရမှာပေါ့ တဲ့။ သူနိုင်တာက မင်းတစ်ကိုယ်ရည်အတွက် ဘာတွေများအကျိုးရှိမှာလဲ၊ သူ့ဘဝ ဘယ်လိုကောင်းစားမှာလဲလို့ထပ်မေးတော့ ကျွန်တော် မသိဘူးတဲ့။ ဒါပေမဲ့ ကောင်းလာမှာပါ တဲ့။ ဒီလိုဆို တော့ ၂၀၁၅ အတွက်လည်းပြင်းပြတဲ့မျှော်လင့်ချက်တစ်ရပ်ရှိနေတုန်းပဲ။ ဒါဟာ ၁၉၈၈ ခုနှစ်တုန်းက ကျွန်တော်မြင်ခဲ့ရတဲ့ပြည်သူတွေရဲ့ ပြင်းပြတဲ့ အာသီသကိုပြန်လည်ဆန်းသစ်လာတာပါပဲ။ တချို့ကဒါကို ၈၈ စိတ်ဓာတ်လို့မြင်ကြပေမယ့် လူတော်တော်များများကတော့ ဒါကို ၈၈ လိုပဲလို့မဆိုကြပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အခုမှစပြီးလက်လှမ်းကာစဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီလမ်းဟာ ရှည်လျားသလိုကြမ်းတမ်းလှပါတယ်။ ညပြည်ထောင်စုကိုစစ်တပ်က လူတွေလည်း သွားကြရပါတယ်။ ရေတပ်ကလူတွေက ု့ ကို ရောက်ကြပါတယ်။ အဲဒီမှာ သူတို့ ပြင်ပကမ္ဘာကိုတွေ့ခဲ့ကြရတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကောင်စီအစိုးရ ဒီလိုဆို တော့ ၂၀၁၅ အတွက်လည်း ပြင်းပြတဲ့မျှော်လင့်ချက်တစ်ရပ် ရှိနေတုန်းပဲ။ ဒါဟာ ၁၉၈၈ ခုနှစ်တုန်းက ကျွန်တော်မြင်ခဲ့ရတဲ့ ပြည်သူတွေရဲ့ ပြင်းပြတဲ့ အာသီသကို ပြန်လည်ဆန်းသစ်လာတာပါပဲ။ တချို့ကဒါကို ၈၈ စိတ်ဓာတ်လို့မြင်ကြပေမယ့် လူတော်တော်များများကတော့ဒါကို ၈၈ လိုပဲလို့ မဆိုကြပါဘူး။ ဒါပေမဲ့ကျွန်တော်တို့ အခုမှစပြီးလက်လှမ်းကာစဖြစ်တဲ့ မြန်မာ နိုင်ငံရဲ့ဒီမိုကရေစီလမ်းဟာ ရှည်လျားသလို ကြမ်းတမ်းလှပါတယ်။

တဆက်တည်းဖတ်သင့်သောအကြောင်းအရာ : ရှစ်လေးလုံးအလွန် နိုင်ငံရေးပန်းတိုင်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးသာ ဖြစ်

More from ၁၉၈၈ မှသည် – ၂၀၁၅ ဆီသို့

ရှစ်လေးလုံးလှုပ်ရှားမှုကြီးက မြန်မာ့သမိုင်းတွင်မည်မျှအရေးကြီးပါသနည်း

အတိတ်ကိုဖုံးကွယ်၍မရဟု ဆိုစကားသည် အနာဂတ်ကို မျက်နှာမူသည့် လူ့အဖွဲ့အစည်းတွင်ပို၍မှန်ကန်ပါလိမ့်မည်။ ကမ္ဘာတွင် စစ်အေးကာလကို ဥရောပမှာစတင်အဆုံးသတ်ခဲ့ကြသည်ဟု ယူဆကြသော်လည်းဘီဘီစီသတင်းထောက် ခရစ္စတိုဖာဂန်းနက်စ်ကမူ read more

ရှစ်လေးလုံးအလွန်နိုင်ငံရေးပန်းတိုင်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးသာဖြစ်

၁၉၈၈ ခုနှစ်မတိုင်မီကပင် နိုင်ငံသားအချင်းချင်းအကြား မသင့်မြတ်မှုမျိုးရှိခဲ့သော်လည်း အာဏာရှိအစိုးရနှင့် မသင့်မြတ်သူမှန်သမျှကို သူပုန်ဟုသတ်မှတ်ခဲ့ကာ နိုင်ငံရေးကြိုးဝိုင်းပြင်ပတွင်အကြဉ်ခံခဲ့ကြရဖူးပေပြီ။ read more