တိုင်းရင်းသားသတင်း

ရှမ်းပြည်နယ်နေ့သို့ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများစုံညီတက်ရောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်နေ့နှင့် ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားမျိုးနွယ် စုများအားလုံး စုံညီစွာတက်ရောက် ကြကာ ရှမ်းအမျိုးသားများ၏ယဉ်ကျေးမှုကို ဖော်ထုတ်သည့်အနေဖြင့် ပဒေသာကပွဲအား ဖေဖော်ဝါရီ ၇ ရက် နေ့ညနေ ၆ နာရီတွင် ကျင်းပခဲ့ ကြောင်း ရှမ်းတိုင်းရင်းသားတစ်ဦး ဖြစ်သူ စိုင်းကျောက်တစ်က ပဲ့တင်သံသို့ ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်နေ့ ကျင်းပရ ခြင်းအကြောင်းနှင့်ပတ်သက်ပြီး ပြောကြားရာတွင် ”နှစ်စဉ်နှစ်တိုင်း ရှမ်းအမျိုးသားနေ့ကို လွတ်လပ်ရေး ရကတည်းက ပြုလုပ်ခဲ့တယ်။ ရှမ်း ရိုးရာပဒေသာကပွဲကို မနှစ်ကရယ်၊ တစ်မြန်နှစ်ကရယ် အရပ်သားအစိုးရ ဦးသိန်းစိန်တက်လာပြီး ကျင်းပ တယ်။ ရှမ်းအမျိုးသားနေ့အသွင်နဲ့ပဲ ကျင်းပခဲ့တယ်။ ဒီနှစ်ဆိုရင် ၆၇ နှစ်ကြိမ်မြောက်ရှိခဲ့ပါပြီ။ ရန်ကုန်မှာ ရယ်၊ တခြားမြို့နယ်မှာရယ်၊ ကျောက်မဲမြို့နယ်တွေမှာ ပွဲလုပ်ဖြစ် ကြတယ်။ ရှမ်းတိုင်းရင်းသားတွေ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ကိုယ့်ယဉ်ကျေးမှုကို ဖော်ထုတ်ဖို့အတွက် ဖြစ်ပါတယ်။ ရှမ်းတိုင်း ရင်းသားအများစုရဲ့ အကပဒေသာ ၁၄ မျိုး ပါဝင်ကပြဖျော်ဖြေသွား မယ်”ဟု ရှမ်းအမျိုးသား စိုင်းကျောက်တစ်က ပဲ့တင်သံကို ပြောသည်။
ရှမ်းအမျိုးသားနေ့ ဖြစ်ပေါ်လာ တဲ့အကြာင်းအရင်းနဲ့ပတ်သက်ပြီး ဆက်လက်ပြောကြားရာတွင် ”ရှမ်း အမျိုးသားနေ့ကို သမိုင်းဝင်အဖြစ် ပင်လုံစာချုပ်ချုပ်ဆိုဖို့ တစ်ရက်အလို ၁၉၄၇ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ကြတယ်။ ရှမ်းပြည်နယ် မှ စော်ဘွားများ၊ လူထုကိုယ်စား လှယ်များအားလုံးသဘောတူစာချုပ် ချုပ်ဆိုပြီး ရှမ်းအမျိုးသားနေ့လို့ သတ်မှတ်ခဲ့တယ်။ အဲဒီနေ့မှာပဲ ရှမ်း အမျိုးသားနေ့သီချင်းတို့ကိုလည်း သတ်မှတ်တယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ရှမ်းတိုင်း ရင်းသားများဟာ ရှမ်းအမျိုးသားနေ့ ကို မြေနီကုန်းမှာ ကျင်းပပြုလုပ်ခဲ့ ကြတယ်။ သို့သော်လည်း ကုန်လွန် ခဲ့တဲ့နှစ်အပိုင်းမှာ အကြောင်း ကြောင်းသောကိစ္စရပ်တွေကြောင့် ရှမ်းအမျိုးသားနေ့ကို ကျင်းပခွင့်မရ ရှိခဲ့ဘူး။နိုင်ငံရေးအရ ဖိအားပေးမှု များပါ ရှိလာခဲ့ပြီးတဲ့နောက်ပိုင်း ရှမ်း ပြည်နယ်နေ့အဖြစ် ကျင်းပခွင့်ရခဲ့ တယ်။ ရှမ်းပြည်နယ်မှာရှိတဲ့ တချို့ တိုင်းရင်းသားတွေကလည်း ရှမ်း အမျိုးသားနေ့ဆိုတာ ရှမ်းတိုင်းရင်း သားတွေနဲ့သာ သက်ဆိုင်တယ်လို့ ယူဆကြပါတယ်။ အမှန်မှာတော့ မြန်မာနိုင်ငံဆိုတာလည်း စောစီးစွာ ရောက်နှင့်တဲ့ လူမျိုးစုရဲ့ခေါ်ဆိုမှုကို လက်ဆင့်ကမ်းခေါ်ဆိုမှုပဲ ဖြစ် တယ်။ မြန်မာလူမျိုးတစ်ခုတည်း အတွက်သာမဟုတ်ဘဲ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်တယ်။ ရှမ်းပြည်နယ်ဆိုတာလည်း အလား တူပါပဲ။ လူအများစု ရှမ်းလူမျိုးတို့က ရှမ်းပြည်နယ်လို့ ခေါ်သလို ခေါ်ဆို တာပါပဲ”ဟု ပြောသည်။
အဆိုပါပွဲသို့ တက်ရောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယကကြီး ဦးတင်ဦးကလည်း ”တိုင်းရင်းသားတွေ ချစ်ချစ် ခင်ခင်နဲ့ တွေ့ရတဲ့အတွက် တက်ရောက်ခြင်းဖြစ်တယ်။ ရှမ်းတိုင်းရင်းသားများစွာကိုလည်း ချစ်ချစ်ခင် ခင်မြင်တွေ့ရတယ်။ ရှမ်းပြည်ကလည်း အရင်ကတည်းက အချုပ်အခြာအာဏာလွတ်လပ်သူ ဖြစ်တယ်။ အခုကလည်း ရိုးရာပွဲလည်း ဖြစ်တယ်။ ရှမ်းအမျိုးသားအချင်းချင်း အပြန်အလှန်ဆက်နွှယ်ပြီး တော့နေခဲ့ကြတာပဲ။ စည်းစည်းရုံးရုံး တွေ့ရတဲ့အတွက် အလွန်ကိုဝမ်းသာ မိတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလာရောက်တက်ဖြစ်ခဲ့တာပါ။ ပိုပြီးစည်းစည်းလုံးလုံးဖြစ်စေချင်တယ်” ဟု ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်နေ့(သို့မဟုတ်) ရှမ်းအမျိုးသားနေ့ဟု သတ်မှတ်ထားသည့်ဤပွဲတော်ကြီးကို စုပေါင်းပြီး ကျင်းပခဲ့သည်မှာ ၆၇ ကြိမ်မြောက် သို့ တိုင်ခဲ့ပြီဖြစ်သည်။
ဝ၁၄

More from တိုင်းရင်းသားသတင်း

ပြည်မတွင် နေထိုင်သူ ကယားတိုင်းရင်းသားများ စာတတ်မြောက်မှုရာခိုင်နှုန်း အလွန်နည်းပါးနေကြောင်း သိရ

ကယားပြည်နယ်တွင် ပညာရေးနိမ့်ကျမှုက အဓိကအားနည်းချက်အဖြစ် ရပ်တည်နေပြီး စာတတ်မြောက်သူ ရာခိုင်နှုန်းအလွန်နည်းပါးနေသေး သည့်အတွက် read more

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် နိုင်ငံအဝန်းစည်ကားစွာ ကျင်းပ ကရင်ယဉ်ကျေးမှုဓလေ့ ထိန်းသိမ်းမြှင့်တင်လိုသောအသိများ ရှင်သန်စေချင်

၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက် နေ့သည် ကရင်တိုင်းရင်းသားများ၏ ၇၆ နှစ်မြောက် ကရင်အမျိုးသားနှစ် သစ်ကူးပွဲတော်နေ့ဖြစ်ရာ read more