အနုပညာသတင်း

ဟောင်ကောင်တွင် ကျင်းပသော amfAR ရန်ပုံငွေပွဲစဉ်၌ Robin Thicke ဖျော်ဖြေ

မတ် ၁၄

မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် တရားရင်ဆိုင်နေရသော Blurred Lines သီချင်းအဆိုတော် Robin Thicke သည် amfAR အမည်ရ AIDS ရောဂါတိုက်ဖျက်ရေး သုတေသနအဖွဲ့က ဟောင်ကောင်တွင် ကျင်းပခဲ့သည့် ရန်ပုံငွေအခမ်းအနားတစ်ရပ်သို့ ကမ္ဘာကျော်ဖက်ရှင်ဂုရုများ၊ ဟောလိဝုဒ်၏ နာမည်ကျော် အနုပညာရှင် များနှင့်အတူ တက်ရောက်လာခဲ့သည်။ ရန်ပုံငွေ အခမ်းအနားမှာ amfAR အဖွဲ့က ပထမဆုံးအကြိမ် ကျင်းပသော အခမ်းအနားဖြစ်ပြီး လေလံတင်ရောင်းချပွဲများ ပါဝင်သည့် ရန်ပုံငွေ ကောက်ခံပွဲကို မတ်လ ၁၄ ရက်နေ့က ဟောင်ကောင်မြို့တော်တွင် ကျင်းပသွားခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားကို Gwyneth Paltrow က ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီး နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ Victoria Beckham၊ စူပါမော်ဒယ်လ်များဖြစ်ကြသည့် Naomi Campbell၊ Kate Moss နှင့် မင်းသမီး Paris Hilton တို့ တက်ရောက်ခဲ့ကြသည်။

ဤအခမ်းအနားကို ဟောင်ကောင်တွင် ကျင်းပသင့်သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပရခြင်းဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းလုံး ခံစားနေရသည့် ကပ်ရောဂါဆိုးကြီးကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တုံ့ပြန်ရမည်ဖြစ်ကြောင်းGwyneth Paltrow က အမှာစကားပြောကြားကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

ဧည့်သည်အနုပညာရှင်အဖြစ် တက်ရောက်လာသော အဆိုတော် Robin Thicke က အခမ်းအနား၏ နောက်ဆုံး အစီအစဉ်အဖြစ် ဖျော်ဖြေတင်ဆက်ရာတွင် အဆိုတော် Al Green နှင့် Michael Jackson တို့၏ နာမည်ကျော် သီချင်းများကို သီဆိုတင်ဆက်ပေးခဲ့ပြီး Blurred Lines သီချင်းဖြင့် အဆုံးသတ် တင်ဆက်ပေးသွားခဲ့သည်။ Blurred Lines သီချင်းကို အဆိုတော် Pharrell Williams နှင့် Robin Thicke တို့ တွဲဖက်ဖန်တီးခဲ့ကြခြင်းဖြစ်သော် လည်း ကွယ်လွန်သူ Soul ဂီတအဆိုတော် Marvin Gaye ၏ ၁၉၇၇ ခုနှစ်ထုတ် Got to Give It Up အမည်ရ သီချင်းအား ကော်ပီကူးယူ ရေးသားထားခြင်းဖြစ်၍ မူပိုင်ခွင့်ချိုးဖောက်ရာ ကျရောက်ကြောင်း လော့စ်အိန်ဂျလိစ်တရားရုံးက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆုံးဖြတ်ခဲ့သောကြောင့် Gaye ၏ ကျန်ရစ်သူ အမွေခံသားသမီးများအား လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၇.၃ သန်း ပေးလျော်ရမည်ဖြစ်သည်။

amfAR ရန်ပုံငွေပွဲစဉ်ကို Art Basel Hong Kong အစီအစဉ်အတွင်း ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်ကာ ဟောင်ကောင် အခြေစိုက် South China Morning Post သတင်းစာမျက်နှာဖုံးတွင် ပြီးခဲ့သည့်ရက်များက ထည့်သွင်းဖော်ပြခဲ့သဖြင့် အနုပညာသည် အများအပြား တက်ရောက်လာခြင်းဖြစ်သည်။

ဝ၂၇၊ The Hollywood Reporter

More from အနုပညာသတင်း

လန်ဒန်မြို့ရှိ ရှေးဟောင်းအဆောက်အအုံ ဇာတ်ရုံကြီး မီးသင့် ပထမနှင့်ဒုတိယထပ်ကြမ်းခင်း သုံးပုံတစ်ပုံနှင့်အမိုးများ ပျက်စီးခဲ့ရ

လန်ဒန်မြို့တောင်ပိုင်း Battersea အရပ်ရှိ ရှေးခေတ်ဟောင်းအဆောက်အအုံတစ်ခုဖြစ်သော Battersea Arts Centre မီးကြီးလောင်ကျွမ်းမှုကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း လန်ဒန်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်္ read more

Comic Relief အဖွဲ့၏ Red Nose Day ရန်ပုံငွေပွဲ ဆင်းရဲနွမ်းပါးသူတို့ကို ထောက်ပံ့ကူညီရန် ဘီဘီစီရုပ်/သံမှ တင်ဆက်

ဆင်းရဲချို့တဲ့သူများကို ထောက်ပံ့ကူညီနိုင်ရန်အတွက် ၁၉၈၅ ခုနှစ်ကပင် ဖွဲ့စည်းတည်ထောင်ခဲ့သော Comic Relief ရန်ပုံငွေအဖွဲ့၏ Red Nose Day အမည်ရ ရန်ပုံငွေကောက်ခံရေး အခမ်းအနားတစ်ရပ်ကို မတ် လ ၁၃ ရက်နေ့ညက BBC One ရုပ်/သံမှ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သွားခဲ့ရာ read more