မြန်မာနိုင်ငံဒီမိုကရေစီရေးတွင် တစ်တပ်တစ်အားနည်းမျိုးစုံဖြင့် ပါဝင်ကူညီသူများစွာ ရှိခဲ့သည်။ ထိုသူများထဲတွင် ဂစ်တာကိုင်သောလက်ဖြင့် ကူညီအားဖြည့်ပေးခဲ့သူ ရွှေသံစဉ်တီးဝိုင်းခေါင်းဆောင် ကိုဝင်းမော်က သူ၏ နိုင်ငံရေးပတ်သက်ခဲ့မှုအစကို ဤသို့ပြောပြခဲ့ပါသည်။ ”၁၉၈၅-၁၉၈၆ကတည်းက တက္ကသိုလ်ထဲမှာ Fresher Welcome, Fairwell တွေတိုင်းမှာ ရွှေသံစဉ်အနေနဲ့တီးခတ်ပေးဖြစ်နေခဲ့တယ်။ Maths, Physics, IR & IA ဘာသာရပ်တွေမှာပေါ့။ အဲဒီကတည်းက ကိုကိုကြီးနဲ့ရင်းနှီးခဲ့တယ်။ ကျောင်းထဲမှာ March affairs စဖြစ်တော့လည်း ရေတိုက်၊ အလှူငွေလက်ခံစတာမျိုးတွေ ကူညီပေးခဲ့တယ်။ နောက်လူ့ဘောင်သစ်မှာ ဒုဥက္ကဋ္ဌဖြစ်လာတဲ့ အစ်ကိုဝမ်းကွဲကလည်း Law မှာတက်နေတယ်။ ကျောင်း … read more