ကမ္ဘာတစ်လွှားကမြန်မာများအသံ

နိုင်ငံရေးနှင့်မပတ်သက်စေခြင်းသည် နိုင်ငံတော်ကို သစ္စာဖောက်ခိုင်းခြင်းဖြစ်

ရွှေဝါရောင်တော်လှန်ရေးက ၆ နှစ်တင်းတင်းပြည့်သွားခဲ့ လေပြီ။ သို့သော် ယင်းတော်လှန်ရေး၏ ဂယက်များက ကျန်ရှိနေဆဲ။ ၂ဝဝ၇ ရွှေဝါရောင်သံဃာ့ အရေးအခင်းကြောင့် မိခင်မြေမှ အဝေးသို့လွင်ခဲ့ရသူများအနက် နော်ဝေးနိုင်ငံ ရောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သံ ဃာ့ကိုယ်စားလှယ်အဖွဲ့ အထွေထွေ အတွင်းရေးမှူး အရှင်ထာဝရ၏ ရွှေ ဝါရောင်တော်လှန်ရေးအလွန် သံဃာများအတွက် အဖြေမရှိသောပုစ္ဆာကို မေးခွန်းထုတ်နေသူများအား ပြောကြားလိုသည်များကို ကမ္ဘာတစ်လွှားက မြန်မာများအသံအဖြစ် ဖော် ပြလိုက်ပါသည်။
တော်လှန်ရေးကြောင့် အမိမြေမှထွက်ခွာခဲ့ရသော်လည်း မြန်မာနိုင်ငံသားဖြစ်သည့်အတွက် မြန်မာ့နိုင်ငံရေးတွင် တာဝန်ရှိသူဟု ယုံ ကြည်သည်အလျောက် ရပ်ရွာတွင်ရပ်ရေး၊ ရွာရေးရှိသလို မြို့နယ်တွင်လည်း မြို့ရေး၊ နယ်ရေးရှိကာ တိုင်း ပြည်တွင်လည်း တိုင်းရေး၊ ပြည်ရေး နိုင်ငံရေးဆိုသည်မှာ ရှိခြင်းကြောင့် တာဝန်မဲ့စွာ ခေါင်းရှောင်၍မရ ကြောင်း၊ တာဝန်သိသိ လုပ်ဆောင်ခြင်းများကို ပိတ်ပင်ခံရသည်မှာ တိုင်းပြည်ကို သစ္စာဖောက်ခိုင်းခြင်း ပင်ဖြစ်ကြောင်း ယခုကဲ့သို့ပြောပါ သည်။ ”နိုင်ငံရေးမလုပ်ရဘူး၊ နိုင် ငံရေးနှင့် မပတ်သက်ရဘူးဆိုတာ ဦးဇင်းတို့ကို နိုင်ငံတော်ကသစ္စာဖောက်ခိုင်းတာပဲ။ နိုင်ငံရေးဆိုတာ နိုင်ငံသူ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စဖြစ်တယ်။ ပါတီနိုင်ငံရေးဆိုတဲ့စကားလည်း ရှိသေးတယ်။ ပါတီဆိုတာ အသင်းအဖွဲ့ပဲဥစ္စာ၊ အသင်းအဖွဲ့အစည်းနဲ့မှ နိုင်ငံ့ရေးရာကို လုပ်လို့ကိုင်လို့ရမှာပေါ့။ ဥပဒေနဲ့အညီ ဖြစ်ရင်ပြီးတာပဲ”ဟု နိုင်ငံရေးပေါ်မှားယွင်းသော သဘော ထားများကို ထုတ်ဖော်မိန့်ကြားပါ သည်။
မမှားသောသူဟူ၍ ကမ္ဘာမှာ မရှိကြောင်း အမှားကိုဝန်ခံရန်နှင့် အပြောင်းအလဲဆိုသော စကားရပ်ကို အရှင်ထာဝရက မေးခွန်းထုတ်ခဲ့သည်မှာ ”အမှားလုပ်တဲ့သူတွေဟာ အမှားကိုဝန်ခံရမယ်။ ရှိတဲ့အ မှားကို ပြင်ဆင်ရမယ်။ အမှားလုပ် ခဲ့တဲ့သူတွေက အမှားကိုဝန်မခံဘဲ နေရာဝင်ယူလို့မရဘူး။ လူ့အခွင့် အရေးဆိုတာပြောပြီး လွတ်လပ်မှုကိုပိတ်ပင်နေတာကတော့ စိတ်ပျက်စရာအကောင်းဆုံးပါပဲ။ ဒီနေ့မှာလူ တွေအများစုက မြန်မာပြည်တိုးတက်ပြောင်းလဲလာတယ်ပြောကြပါတယ်။ အဲဒီသူတွေကို ဦးဇင်းမေးချင်တာက ဘယ်နေရာမှာ ပြောင်းလဲနေတာလဲ။ ပြောင်းလဲတယ်ပြောပြီး စိတ်ဓာတ် တွေ အောက်ကျတန်းကျနေသ၍ လွတ်လပ်မှုဆိုတာရမှာ မဟုတ်ပါ ဘူး။ ဦးဇင်းတို့ မြန်မာပြည်မှာ ရွှေ ဝါရောင်တော်လှန်ရေးဖြစ်ကာနီး အ ခြေအနေတွေကို ပြည်သူအားလုံး မြင်တွေ့ခဲ့ရမှာပါ။ ဘယ်လိုကြောင့် ဖြစ်ခဲ့တယ်။ ရွှေဝါရောင်တော်လှန် ရေးဖြစ်ဖို့ အခြေအနေတွေ ဘယ်သူ တွေဖန်တီးခဲ့တယ်။ ရွှေဝါရောင် တော်လှန်ရေးဖြစ်ပြီးကာစမှာ ဦးဇင်းတို့ ဒီကိစ္စမှာ လှုပ်ရှားခဲ့သူတွေက နောက်ထပ် ၂၆နှစ် ထပ်ခံရမှာစိုးလို့ မဖြစ်ဖြစ်တဲ့နည်း နဲ့ တိုက်ပွဲဝင်မယ်ဆိုတဲ့စိတ်ရင်ထဲမှာ ကိန်း အောင်းနေခဲ့တယ်။ အခုဆို ၆ နှစ်ရှိ သွားပြီ။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီပြောင်းလဲဖို့ အခုထက်ထိ ဦးဇင်းတို့ ရုန်းကန်နေရတုန်းပါပဲ။ နိုင်ငံတစ်ခုအတိုင်းအတာ၊ အဖွဲ့ အစည်းအတိုင်းအတာ၊ မိသားစု အတိုင်းအတာစသည် အလျောက် အကျပ်အတည်းတွေက မိမိတို့အ သက်ရှင်စဉ်ကာလမှာတွေ့နေရမှာ ပဲ”ဟု မိန့်ကြားပါသည်။
အခက်အခဲကြုံတိုင်း ကံကိုပုံချခြင်းကို လက်မခံဘဲ ယထာဘူတကျကျ သုံးသပ်၍ အခက်အခဲကို ဖောက်ထွက်ကျော်လွှားနိုင်သော နိုင်ငံများရှိသလို ကံကိုဝကွက်အပ်၍ အရှုံးပေးလက်ပိုက်ကြည့်နေသော နိုင်ငံများလည်းရှိကြောင်း အရှုံးသံသရာထဲတွင် ရှုံးပြီးရင်းရှုံး၊ နစ်ပြီးရင်းနစ်ကာ ဒုက္ခပင်လယ်ဝေခဲ့ရ သော နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ကြောင်း၊ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန် ရေးပြီးနောက် နိုင်ငံရေးပုံသဏ္ဌာန် အပြောင်းအလဲတစ်ခုကို လိုချင်သည် ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေပေါ် ပေါက်လာမည် ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ယင်း၏ အမြင်ကိုပြောရာတွင် ”ဦးဇင်းတို့ဟာ ထာဝရစစ် အာဏာရှင်စနစ်ကို ဖယ်ရှားရေးအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေရရှိဖို့ တိုင်းရင်း သားလူမျိုးစုများ အားလုံးတန်းတူညီမျှ အခွင့်အရေးရရှိဖို့ ၂ဝဝ၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ဖျက်သိမ်းမှဖြစ်ပါလိမ့်မယ်”ဟု ဖွဲ့စည်းပုံအခြေခံ ဖျက်သိမ်းရေးကို ထောက်ခံပြောဆိုခဲ့ပါသည်။
နိုင်ငံရေးတိုက်ခိုက်ပုံသဏ္ဌာန် အသစ် ဖော်ဆောင်ရန်တိုက်တွန်းပြီး ရွှေဝါရောင်တော်လှန်ရေးမပြီးဆုံး သေးကြောင်း၊ နိုင်ငံသားတိုင်းအားလုံးသည် ရည်ရွယ်ချက်တစ်ခုတဲ့အတွက် ညီညီညွတ်ညွတ် ဆက် လက်တိုက်ပွဲဝင်ကြရန် မိန့်ကြားရာတွင် ”ဦးဇင်းတို့ ရွှေဝါရောင်တော် လှန်ရေး လှုပ်ရှားမှုတိုက်ပွဲကြီးဟာ မပြီးဆုံးသေးပါဘူး။ ခရီးဆက်ရပါ ဦးမယ်။ ရှေ့ဆက်ရမယ့် ခရီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်း ဆောင်များဟာ လူထုနဲ့အတူဆက်ရှိနေမှာလား။ လူထုကိုကျောခိုင်း သွားကြမှာလား။ သေချာတာကတော့ စိတ်ကူးယဉ်နေဖို့ အချိန်မဟုတ်တော့ဘူးဆိုတာကို ဦးဇင်းပြောချင်ပါတယ်”
ဝ၃၇

More from ကမ္ဘာတစ်လွှားကမြန်မာများအသံ

မတူသော်ငြားလည်း အတုယူနိုင်

ထိန်းချုပ်ခြင်းဆိုင်ရာ ဥပဒေများ၊ နှိပ်ကွပ်ခြင်းဆိုင်ရာဥပဒေများ သည် မှောင်ခိုဈေးကွက်ဖြစ်ပေါ်လာစေရန် အခြေအနေတစ်ရပ်ဖန်တီးပေးခြင်းသာမကဘဲ read more

မအိုချင်သော်လည်း အိုဗာစတေး ဖြစ်ကြရသည်

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများပစ်မှတ်ထား တိုက်ခိုက်ခံရခြင်းများကြုံခဲ့ရပြီးနောက်များမကြာမီရက်ပိုင်းတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရသောဂယက်မှာ လွန်စွာပျံ့နှံ့ခဲ့ပါသည်။ read more