သမဂ္ဂသတင်း

အမျိုးသားပညာရေးဥပဒေမူကြမ်း ဆန့်ကျင်ကန့်ကွက်ပွဲ ပြုလုပ်

ဇွန် ၁၆ – ချောက်နည်းပညာကောလိပ်ကျောင်းသားများသမဂ္ဂကို ဇွန်လ ၁၆ ရက်နေ့က စတင်ဖွဲ့စည်းလိုက်ကြောင်း ဗကသများအဖွဲ့ချုပ်(မြေလတ် ဒေသ)၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ဗကသများအဖွဲ့ချုပ် (မြေလတ်ဒေသ)တွင် မကွေးဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မကွေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ အခြေခံကျန်းမာရေးတက္ကသိုလ်ကျောင်း သားများသမဂ္ဂ၊ မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ချောက် စက်မှုလက်မှုသိပ္ပံကျောင်းသားများသမဂ္ဂနှင့် ယခုဖွဲ့စည်းလိုက်သော ချောက် နည်းပညာကောလိပ်ကျောင်းသားများသမဂ္ဂတို့ပါရှိကြောင်း သိရှိရသည်။
ဇွန် ၁၅ – အမျိုးသားပညာရေးဥပဒေမူကြမ်းအား ဆန့်ကျင်ကန့်ကွက်ပွဲတစ်ရပ် ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ၂၀၁၄ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ကန့်ဘလူနည်းပညာကောလိပ်ကျောင်းသား များသမဂ္ဂမှ ဦးဆောင်ခဲ့ပြီး၊ မုံရွာ၊ မြစ်ကြီးနား၊ မန္တလေးတို့မှ ဗကသအဖွဲ့ဝင် များလည်း ပူးပေါင်းပါဝင်ခဲ့ကာ အင်အား ၆၀ ခန့်ရှိကြောင်း သတင်းရရှိသည်။
ဇွန် ၁၅ – ရမည်းသင်းနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြခဲ့သည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်ပြီး ကျောင်းသားကျောင်းသူများအကြား၊ ကျောင်းသားသမဂ္ဂများ အကြား အငြင်းပွားဖွယ်၊ စောဒကတက်ဖွယ်ဖြစ်ခဲ့သည်။ အဆိုပါစည်းမျဉ်း စည်းကမ်းတွင် နိုင်ငံရေးဆိုင်ရာ ပြစ်ဒဏ်များကဏ္ဍ၌ ဆူပူလှုပ်ရှားမှုတွင် ဦးဆောင်လျှင်ဖြစ်စေ၊ နောက်လိုက်အဖြစ် ပါဝင်လျှင်ဖြစ်စေ ကျောင်းမှထုတ် ပယ်မည်ဟုသာ ဖော်ပြထားပြီး မည်ကဲ့သို့သောလှုပ်ရှားမှုမျိုးကို ဆူပူလှုပ်ရှားမှု ဟု အမည်တပ်မည်နည်းဟူသည်ကို ရှင်းလင်းစွာဖော်ပြထားခြင်းမရှိပေ။ ထိုနည်းတူဆရာ၊ ဆရာမများနှင့် ကျောင်းသား၊သူများအား ကြိမ်းမောင်းခြင်းနှင့် နှောင့်ယှက်ခြင်းတို့ ကျူးလွန်လျှင် ကျောင်းမှ ထုတ်ပယ်မည်၊ စာသင်ခန်း အတွင်းအပြင်တွင် သင်ကြားမှုကို အနှောင့်အယှက်ဖြစ်စေရန် ပြောဆိုပြုမူ လုပ်ဆောင်လျှင် ပြင်းထန်စွာသတိပေးမည်၊ ကျောင်းမှ ထုတ်ပယ်မည်ဟု ဖော်ပြထားသည်မှာလည်း တရားမျှတမှုမရှိဟု ကျောင်းသားအချို့က ဆိုသည်။
“ကျွန်တော်တို့က ဆရာ၊ ဆရာမကို နည်းနည်း Complaint တက်ရင် တောင် သူကမကျေနပ်ရင် ကျောင်းအုပ်ကို သူတိုင်ချင်သလို တိုင်ပစ်လိုက်တာနဲ့ ကျွန်တော်တို့က ကျောင်းထွက်ရမလိုဖြစ်နေတယ်။ ဆရာဆရာမတွေကကျောင်း သားကျောင်းသူတွေအပေါ် ဆဲဆိုကြိမ်းမောင်းပြီး ကြမ်းကြမ်းတမ်းတမ်းဆက် ဆံတာမျိုးတွေနဲ့ ပတ်သက်ပြီးတော့ကျတော့ ဘာမှမဖော်ပြထားပြန်ဘူး” ဟု မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားတစ်ဦးက ဆိုသည်။ အဆိုပါစည်းမျဉ်းစည်းကမ်းတွင် ဖော်ပြထားချက်များသည် ကျောင်း အုပ်ချုပ်ရေးတာဝန်ရှိသူများအနေနှင့် ကျောင်းသားများအပေါ် အမြင်မကြည် လင်လျှင် မကြည်လင်သလိုအရေးယူဆောင်ရွက်နိုင်ရန် ပြင်းထန်စွာ ချမှတ်ထား သည့်ဥပဒေများဖြစ်ကြောင်း မှတ်ချက်ပြုကြသည်။
ဝ၃၃

More from သမဂ္ဂသတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး လူငယ်များ ပူးပေါင်းဆောင်ရွက်

ဇွန် ၆-ဗကသများအဖွဲ့ချုပ် (မြေလတ်ဒေသ)မှ တက္ကသိုလ်ကျောင်းသားသမဂ္ဂ များဖြစ်ကြသော မကွေးဆေးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ မကွေးနည်း ပညာတက္ကသိုလ်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်တို့မှ သမဂ္ဂအဖွဲ့ဝင်များသည် read more

‘တက္ကသိုလ်ဆိုတာ ဘာလဲ’ စကားဝိုင်းကျင်းပ

မေ ၂၉ – ဗကသများ အဖွဲချုပ် (ဗဟိုလုပ်ငန်းကော်မတီ)၏ ဆုံး ဖြတ်ချက်အရ ၂ဝဝ၈ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် စပ်လျဉ်းပြီး လုံးဝအသစ်ပြန်လည် ရေးဆွဲရေးကို read more