လွတ်လပ်သောအသံ

တရုတ်ကဖိ ရှမ်းကအိ ရှိတဲ့မြန်မာ ဘာလုပ်မှာလဲ

ပွဲကတော့စပြီ။ ဘယ်မှာလဲ။ လောက်ကိုင်မှာ။ တိုက်ပွဲတွေဖြစ်နေပြီ။ တရုတ်နိုင်ငံသား၊ တရုတ်စစ်သားများ ပါဝင်ခဲ့ကြောင်း မြန်မာ့တပ်မတော်က ဖော်ထုတ်လိုက်ပြီ။

ရိုးရိုးလား။ ဆန်းဆန်းလား။ ကျွန်တော်တို့ တွေးဖို့လိုလာပြီ။

လက်တွေ့မှာတော့ မြန်မာစစ်သားများ၊ အရာရှိငယ်များ အတုံးအရုံး ကျကုန်ပြီ။ သူတို့ရဲ့ စစ်ရည်မှန်းချက်က ကိုးကန့်ဒေသ တစ်ခုလုံးသာမက မိုးကုတ်ကနေ မြစ်ကြီးနားအထိ ဆက်လက်သိမ်းပိုက်ပြီး ဝမ်ပေါင်နိုင်ငံတော် ထူထောင်ရန် ရည်ရွယ်တယ် လို့ သိခဲ့ရတယ်။

မြန်မာ့တပ်မတော်က ခုခံနေတယ်။ ကာကွယ်နေတယ်။ ဗမာ့ကြွေးကြော်သံ သီချင်းထဲကလို ခုခံနိုင်ပါ့မလား။ ကာကွယ်နိုင်ပါ့ မလား။ ခါချဉ်ကောင်မာန်ကြီး တောင်ကြီးဖြိုမယ့်ကြံ အားမတန်လို့ မာန်လျှော့ရတော့မှာလား။

မြန်မာ့တပ်မတော်အကြောင်း ကမ္ဘာက ရေးလာတယ်၊ ပြောလာတယ်။ ကမ္ဘာ့နိုင်ငံ ၁၂၆ နိုင်ငံမှာ မြန်မာတပ်ဟာ တိုက်စွမ်းရည် အဆင့် ၄၄ ရှိလာတယ်လို့ဆိုတယ်။ စုဖွဲ့မှုနဲ့ အင်အားပိုင်ဆိုင်မှုကတော့ အရေအတွက် ၅ သိန်းခန့်နဲ့ အဆင့် ၁၅ လိုက်တယ်လို့ ဆိုတယ်။

ဒါပေမဲ့ ဗီယက်နမ် စစ်အင် အားနဲ့ တရုတ်စစ်အင်အားနဲ့ယှဉ်ရင် အများကြီး နောက်ကောက်ကျ ကျန်ရစ်တယ်။ စစ်စွမ်းရည် ရော၊ စစ်အင်အားရော၊ စစ်လက်နက်ရော များစွာမယှဉ်နိုင်ဖြစ်နေတယ်။ တင့်ကားတပ်နဲ့ လေတပ်တို့မှာ အများကြီး ပြတ် ကျန်ရစ်တယ်။ လွတ်လပ်ရေးရပြီးတဲ့နောက်။ ၁၉၅၀ အလွန်က မြန်မာ၊ တရုတ်၊ ဗီယက်နမ်တို့ရဲ့ စစ်ရေးသမိုင်းကို ပြန်လှန် ကြည့်မယ်။

ယနေ့ တရုတ်တပ်တွေကို ဘိန်းစားတပ်တွေလို့ ပြောလို့မရတော့ဘူး။ ကြည်းတပ်အင်အားက ကမ္ဘာပေါ်မှာ အရေအတွက် အများဆုံးဖြစ်နေတယ်။

သမိုင်းကို ပြန်လှန်ကြည့်တော့ တရုတ်တွေဟာ နယ်ချဲ့တတ်တဲ့ စရိုက်ရှိတယ်။ မြန်မာ့မြေကို အကြိမ်ကြိမ်အဖန်ဖန် ကျူးကျော် ခဲ့တဲ့ အစဉ်အလာ တွေရှိခဲ့တယ်။ ပုဂံခေတ်မှာလည်း ကျူးကျော်တယ်။ အင်းဝခေတ်မှာလည်း ကျူးကျော်တယ်။ သရေ ခေတ္တရာ၊ ပျူခေတ်၊ ပျူနိုင်ငံတော်ကာလကလည်း ကျူးကျော်ခဲ့ဖူးတယ်။

ပူပူနွေးနွေး တရုတ်ကျူးကျော်မှုတွေကို ပြောပြမယ်။ ဘာကြာသေးလို့လဲ။ တရုတ်ဖြူကျူးကျော်မှုဆိုတာ ကြားဖူးကြမယ်လို့ ထင်တယ်။ ၁၉၄၉ ခုနှစ်နောက်ပိုင်း ချန်ကေရှိတ်ရဲ့ တရုတ်ကူမင်တန်တပ်တွေ မြန်မာပြည်ထဲမှာ ခြေကုပ်ယူလာခဲ့တယ်။ မြန်မာ့မြေ၊ မြန်မာ့ရေ ပြန်ရဖို့အတွက် ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ်အထိ တရုတ်ကျူးကျော်မှုတွေကို ဆင်ဖြူရှင်စစ်ဆင်ရေး၊ ဘဘစစ်ဆင်ရေး၊ ရန်ကြီးအောင်စစ်ဆင်ရေး စတဲ့ စစ်ဆင်ရေးပေါင်းများစွာနဲ့ တိုက်ထုတ်ခဲ့ရတယ်။ သေလိုက်တဲ့ မြန်မာ စစ်သားတွေ။ အတုံးအရုံးနဲ့ပဲ။

မော်စီတုန်းရဲ့ စစ်သားတွေက သွေးဆာနေတယ်။ စစ်ဆာနေတယ်။ တိဗက်ကိုသိမ်းတယ်၊ ဗီယက်နမ်ကို ရန်စတယ်။ မြန်မာကို အနိုင်ကျင့်တယ်။ ၁၉၅၂-၁၉၅၃ ဝန်းကျင်က မြန်မာ့ရွာကြီး သုံးရွာကို တရုတ်ရဲ့ လက်ထဲ ဝကွက် အပ်ခဲ့ရဖူးတယ်။

ဒါနဲ့ အားမရဘူး။ တရုတ်ရဲ့ လက်ဝေခံ ဗကပတွေကို ငွေကြေးအကူ၊ လက်နက်အကူ၊ သဘောတရားရေးရာအကူတွေနဲ့ တောက်လျှောက်မြှောက်ထိုးပင့်ကော် လုပ်ခဲ့တာတွေ တွေ့ရတယ်။

၁၉၆၇ ခုနှစ်မှာ မြန်မာအချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်လာခဲ့တယ်။ ရန်ကုန်မြို့မှာ မော်စီတုန်းတံဆိပ်တွေ တရုတ်ကျောင်း၊ မြန်မာကျောင်းတွေမှာ ရင်ထိုးတံဆိပ်အဖြစ် ပေါ်ပေါ်တင်တင် သုံးစွဲလာပြီး လူမျိုးရေး အဓိကရုဏ်း ဖြစ်အောင် ကြိုးစားလာတယ်။

အရှေ့မြောက်စစ်ဒေသ ဗကပကို အကြီးအကျယ်ပံ့ပိုးတယ်။ ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၂ ခုနှစ်အထိ ကိုရီးယားကျွန်းဆွယ် တိုက်ပွဲမှာ တရုတ်တွေက မြောက်ကိုရီးယားဘက်က ဝင်တိုက်ပေးတယ်။

၁၉၆၀ ပြည့်နှစ်မှာ ရုရှား-တရုတ် နယ်စပ်စစ်ပွဲဖြစ်တယ်။ ၁၉၇၀ ပြည့်နှစ်ကျော်ထဲမှာ တရုတ်၊ အိန္ဒိယ တောင်ပေါ်နယ်စပ် တိုက်ပွဲတွေ ဖြစ်ခဲ့ဖူးတယ်။ ၁၉၇၉ ခုနှစ်မှာ တရုတ်၊ ဗီယက်နမ် နယ်စပ်တိုက်ပွဲဖြစ်ခဲ့တာ ဘာမှမကြာသေးဘူး။

လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်ကလည်း ကြည့်ဦး။ ၁၉၈၉ ခုနှစ်က စီစီဝမ်၊ တာပန်၊ ဟိုက်ကပါး၊ ကွမ်းလုံ ရက် (၄၀) တိုက်ပွဲ တွေမှာ ဗကပ ဘက်က တရုတ်စစ်သားတွေ ဝင်တိုက်ခဲ့တာ တကယ့်အထောက်အထားတွေ တွေ့ခဲ့တယ်မဟုတ်လား။

အလွန်အင်မတန် ကြောက်စရာကောင်းလှတဲ့ တရုတ်က မြန်မာ့အရေး ကို ဝင်ရောက်စွက်ဖက်တဲ့နေရာမှာ နှစ်ယောက်မရှိဘူး။ မြန်မာကို ဒုက္ခပေးတဲ့နေရာမှာ နှစ်ယောက်မရှိဘူး။ မြန်မာကို ကျယ်တဲ့နေရာမှာ နှစ်ယောက်မရှိဘူး။ ရန်ကုန်မှာ တရုတ်တန်း ဆိုပြီး လသာ၊ လှည်းတန်း၊ ပန်းဘဲတန်းအထိ နယ်မြေကန့်သတ်ပေးခဲ့ရတယ်။ မန္တလေးမှာလည်း ဘူတာကြီး အနောက်ဘက် တရုတ်တန်းဈေးရယ်လို့ ဖွင့်လှစ်ပေးခဲ့ရာက ခုတော့ မန္တလေးမြို့ဟာ တရုတ်မြို့ဖြစ်သွားခဲ့တာ သမိုင်းဆိုင်ရာ တကယ့်အမှန် တရားဖြစ်သွားတယ်။ မြန်မာမ တော်တော်များများ တရုတ်မယားဖြစ်ကုန်တယ်။ ရှမ်းပြည်နယ်ကို ကိုးကန့်တွေ၊ ဝတွေလက် ထဲ ထိုးအပ်ခဲ့တယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ်ခင်ညွန့် လက်ထက်မှာ မြန်မာပြည်ကို တရုတ်လက်ထဲ လက်ညှိုးထိုး ရောင်းစားခဲ့တယ်။

ဗကပ ကို ဖြိုခွဲချင်တာနဲ့ ဝနဲ့ ကိုးကန့်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့်တွေပေးပြီး မန္တလေးအထိ ထင်တိုင်းကျဲစေခဲ့ တယ်။ နဝတ၊ နအဖ ခေတ်တစ်လျှောက်လုံး ကိုးကန့်တွေ၊ ဝတွေ မန္တလေးထိတက်ပြီး မင်းမူနေခဲ့တယ်။ ဖုန်ကြားရှင်ကို တပည့်မွေးပြီး သခင်ဗသိန်းတင် လက်ထဲက ဗမာပြည်ကွန်မြူနစ်ပါတီကို အာဏာသိမ်းခိုင်းလိုက်တယ်။ ဗမာပြည်ကွန်မြူနစ် ပါတီ ပြိုကွဲသွားတယ်။ ဖုန်ကြားရှင်က အကောင်ထွားလာတယ်။ အာဏာရူးလာတယ်။ လောဘတက်လာတယ်။ ဝပြည်နယ် က လက်နက်စက်ရုံတွေ ထောင်လာတယ်။ တပ်အင်အားကို သုံးသောင်းအထိ တိုးချဲ့လာတယ်။ အခွန်ကို သူ့ဘာသာသူကောက် တယ်။ မြန်မာလဝက အလိုမရှိဘူး။ မြန်မာရဲ့ မြန်မာ့စစ်တပ်တွေကို မောင်းထုတ်ထား တယ်။ ဝပြည်နယ်သားအားလုံးဟာ မြန်မာကို အထင်မကြီးဘူး။ တရုတ်ကိုပဲ အထင်ကြီးတယ်။ မြန်မာအုပ်ချုပ်တာ အလိုမရှိဘူး။ တရုတ်အုပ်ချုပ်တာကိုပဲ လိုချင် ကြတယ်။

မြန်မာ့ယူကရိန်း ဖြစ်မှန်းမသိ ဖြစ်သွားတယ်။ မြန်မာ့မြေပုံ ပဲ့သွားတယ်လို့ ပြောလို့ရတယ်။

၂၀၁၀ နောက်ပိုင်းမှာ မြန်မာ အစိုးရဟာ ဝကိုတော့ မထိရဲဘူး။ ဖုန်ကြားရှင်ကိုတော့ သူတို့တပည့်လို့ အထင်ရောက်ပြီး ဖုန်ကြားရှင်တပ်ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းစေခဲ့တယ်။ စစ်အာဏာရှင် ဖုန်ကြားရှင်ကလည်း ဘဝင်မြင့် တယ်။ တရုတ်သွေးပါသူပီပီ မြန်မာကို အထင်မကြီးဘူး။ တရုတ်ကိုပဲ အထင်ကြီးတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ မိတ်ဆွေ ရဲဘော်ကြီး ဗိုလ်ခင်ညွန့်လည်း မရှိတော့ဘူး။ သူ အာခံတယ်။ ကာပြန်တယ်။ အဲဒီမှာ မြန်မာစစ်တပ်က သူ့ကို မောင်းထုတ်၊ တိုက်ထုတ်လိုက်တယ်။ ထုံးစံအတိုင်း သူ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ယူနမ်၊ စီချွမ်ဘက်ကို ထွက်ပြေးသွားတယ်။

အခု သူ့ပြည်နယ်ရရှိရေးအတွက် ပြန်လည်ထိုးစစ်ဆင်တယ်လို့ပြောတယ်။ ဒါပေမဲ့ ဘယ်ကစစ်အင်အားနဲ့ ကမ္ဘာ့အဆင့် ၁၅ ရှိတဲ့ မြန်မာ့တပ်မတော်ကို ဘယ်သူ့အားကိုးနဲ့ အင်အားစမ်းသလဲဆိုတာရှင်းမယ် ထင်ပါတယ်။

ခု မြန်မာစစ်တပ်က ဖုန်ကြား ရှင်အုပ်စုကို ပြန်လည်တိုက်ခိုက်၊ မောင်းထုတ်လိုက်တော့ ရူးချင်ယောင်ဆောင်ပြီး ငြိမ်းချမ်းရေး စကားပြောလာတယ်။

တရုတ်ကိုလည်း ကြောက်ရသေးတယ်ပြောတဲ့ U.N.P.C က သမ္မတရုံးဝန်ကြီး ဦးအောင်မင်းအားကိုးနဲ့ ဒီငြိမ်းချမ်းရေး စကားကို အရူးကွက်နင်းပြီး ပြောလာတာလား။

စစ်ရာဇဝတ်ကောင်၊ ဘိန်းရာဇာ၊ လူသတ်ဝရမ်းပြေး ဖုန်ကြားရှင်ကို လူတစ်လုံး သူတစ်လုံး နေရာပြန်ပေးဖို့ စစ်ကို မလို လားတဲ့၊ စစ်မတိုက်ရဲတဲ့ ဦးအောင်မင်းတို့အုပ်စုက ကျဆုံးလေပြီးသော တပ်မတော်သားတွေရဲ့ မျက်နှာကို မကြည့်တော့ ဘူးလား။ ဖုန်ကြားရှင်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်နဲ့ ပြန်လက်ခံမလို့လား။

တရုတ်ကို အလျှော့ပေးပေါင်းခဲ့တာ ကြာပါပြီ။ မြန်မာ့သယံဇာတ တွေလည်း ပြောင်တလင်းခါနေပါပြီ။ မြန်မာမှန်ရင် ငါးပိကို ချစ်တာ အားလုံးသိကြပါတယ်။ မြန်မာတွေ ငါးပိကိုချစ်သလို တရုတ်ကို ဆက်ချစ်မယ်ဆိုရင်တော့ တရုတ်တွေဟာ ချစ်တီး တွေထက် အဆရာထောင်ချီ ကြောက်စရာကောင်းတာတော့ အမှန်ပါပဲ။ ရွှေကိုယူသည်၊ ငွေကိုယူသည်၊ မြေကိုယူသည်။ ပြီးတော့ လူကိုပါယူသည် ဖြစ်လို့နေပါပြီ။

တရုတ်နောက်လိုက်တွေက ကုလားမုန်းတီးရေး သွေးထိုးမြှောက်ပင့်ပြီး ရခိုင်ကို အထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။ တကယ် တော့ ရခိုင်ရဲ့ သယံဇာတတွေကို ဓားပြတိုက်၊ ခိုးဝှက်ယူနေတာ လက်တွေ့ဘယ်သူပါ လဲ။ ကျောက်ဖြူ၊ ကူမင်းပိုက်လိုင်းကြီး သွယ်ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်ပြည်ထဲ ယက်ယူနေတာ ဘယ်သူတွေပါလဲ။

အဲဒါ တရုတ်လူမျိုး၊ တရုတ်အစိုးရပါ။ လက်ပံတောင်းတောင်က ကြေးနီသယံဇာတတွေကို လှီးယူနေတာ ဘယ်သူတွေလဲ။ ဝမ်ပေါင်ဆိုတဲ့ တရုတ်တွေပါ။ တရုတ်ကဖိ ရှမ်းကတော့ အိနေပါပြီ။ သွေးရိုးသားရိုးလား၊ ဆန်းဆန်းပြားပြားလား ဝေဖန် ဖို့တော့ စောပါသေးတယ်။

သေချာတာကတော့ တရုတ်နဲ့ ရန်ဖြစ်ချင်ယောင်ဆောင်ပြီး မြန်မာ့တပ်မတော်ကို ပြည်သူတွေအားကိုးလာအောင်၊ ရွေးကောက် ပွဲမှာ အထောက်အကူရအောင် လုပ်လိုက်တဲ့ နိုင်ငံရေးကစားကွက်လားဆိုတာတော့ စောင့်ကြည့်ရမည်ဖြစ်ပါကြောင်း။

လှကျော်နေ

More from လွတ်လပ်သောအသံ

လွတ်လပ်သောအသံ

အားလုံးစိတ်ဝင်စားကြတဲ့ ၂၀၁၅ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ အကြောင်းအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖေါ်ပွဲများက ပိုစိပ်လာပြီး အခြေအနေအရပ်ရပ်ဟာလည်း ပိုပြီးဘဝင်မကျစရာတွေ များလာပါတယ်။ တစ်ပွင့်၊ နှစ်ပွင့် ပန်းတို့သီ ဆိုသလို လေးပွင့်၊ ခြောက်ပွင့်မှသည် လေးဆယ့်ရှစ်ပွင့်အထိ ပန်းကုံးက ရှည်လျားထွေပြားနေတော့ ကြိုးဆိုတာမျိုးကလည်း ရှည်လာလေ ရှုပ်လာလေ သဘောမျိုးရှိတတ်တာမို့ အမယ်ဘုတ်ကဲ့ သူ့ချည်ခင် ဖြစ်လာနိုင်သေးတာပါ read more