ကျန်းမာရေးဆောင်းပါး

သားအိမ်လည်တံကင်ဆာ ကာကွယ်ဆေးထိုးမှု လျော့ကျသွား မိဘများက ကာကွယ်ဆေးကြောင့် လိင်ကိစ္စ ပိုမိုရဲတင်းလာမည်ဟု ယူဆ

ဖေဖော်ဝါရီ ၉

HPV vaccine ဟုခေါ်သော ကာကွယ်ဆေးသည် Human Papilloma virus အဓိကမျိုးအစား နှစ်မျိုးကြောင့် ဖြစ်သည့် သားအိမ်လည်တံကင်ဆာနှင့် လိင်မှတစ်ဆင့် ကူးစက်သော ကြွက်နို့ရောဂါကို ကာကွယ်ပေးသည့်အတွက် ယင်းကို ဆယ်ကျော်သက်အရွယ်များတွင် ထိုးရန် ထောက်ခံခဲ့ကြသည်။

အမေရိကန်တွင် အဆိုပါ ကာကွယ်ဆေးကို ၂၀ဝ၆ မှစတင်ရရှိခဲ့ ပြီး အသက် ၁၁ နှစ်၊ ၁၂ နှစ်အရွယ် မိန်းကလေးများနှင့် ယောကျာ်းလေးများကိုပေးရန် ထောက်ခံခဲ့ကြပြီး အကြောင်းရင်းမှာ လိင်ပိုင်းဆိုင်ရာ တက်ကြွမှုမရှိသေးခင် ခုခံအားစနစ်ကို မြှင့်တင်ထားနိုင်ခြင်းကြောင့် ဖြစ်သည်။ သို့သော် ၂၀၁၃ တွင် အသက် ၁၃ နှစ်မှ ၁၇ နှစ်ကြား မိန်းကလေး ၄၀% သာလျှင် ကာ ကွယ်ဆေးထိုးရမည့် သုံးကြိမ်စလုံးကို စနစ်တကျလိုက်နာခဲ့ပြီး ကျန်ဆယ်ကျော်သက်များမှာ ဆေးသုံးကြိမ်လုံးကို မထိုးခဲ့ပေ။

၂၀ဝ၅ နှင့် ၂၀၁၀ ကာလကြားတွင် ဆယ်ကျော်သက် မိန်းကလေး ၂၀ဝဝ၀ဝ တွင် လေ့လာရာ ၂၀ဝ၆ အဆုံးပိုင်းတွင် ၃% သာ ကာကွယ်ဆေးထိုးခဲ့ပြီး ၂၀၁၀ တွင် ၂၅% ထိ မြင့်တက်လာသည်။ ထိုထဲမှ အယောက် ၁ဝ၀ဝ လျှင် လေးယောက်သော မိန်းကလေးများသည် ကာကွယ်ဆေးမထိုးမီတွင် လိင်မှတစ်ဆင့် ကူးစက်တတ်သော အခြားရောဂါများဖြစ်သည့် ဆီးပူ ညောင်းကျ၊ ကာလသားရောဂါ၊ အိတ်ချ်အိုင်ဗီနှင့် ရေယုန်ရောဂါများကို ခံစားခဲ့ရသည်။ ကာကွယ်ဆေး လုံးဝမထိုးသော အုပ်စုတွင် အယောက် ၁ဝ၀ဝ လျှင် သုံးယောက်တွင် အဆိုပါရောဂါများ ဖြစ်ပွားလျက်ရှိနေသည်ဟု မှတ်တမ်းများအရ သိရ သည်။

သို့သော် ထိုနှစ်များပြီးနောက် ကာကွယ်ဆေးထိုးထားပြီးသော ဆယ်ကျော်သက်များသည် အရွယ်ရောက်လာသောအခါ လိင်အင်္ဂါ ကြွက်နို့မဟုတ်သည့် အခြားရောဂါများကို ခံစားရပြီး ယင်းမှာ ၁ဝ၀ဝ လျှင် ခြောက်ယောက်နှုန်းဖြစ်သည်။

HPV ကာကွယ်ဆေးသည် အဆိုပါ ဗိုင်းရပ်စ်ကြောင့်သာဖြစ်သည့် ကြွက်နို့နှင့် သားအိမ်လည်တံကင်ဆာကိုသာ တားဆီး ပေးနိုင်သည်။

သို့သော် မိဘများကတော့ ကာကွယ်ဆေးထိုးလိုက်မှ ၎င်းတို့၏ သားသမီးများ လိင်မှုကိစ္စအပေါ် ပိုမို စိတ်ချရဲတင်းလာ ကြသည်ဟု ယူဆထားခြင်းကြောင့် ဆေးအကြိမ်ရေ မှန်အောင် ထိုးခြင်းများ တစ်စတစ်စ နည်းလာခြင်းဖြစ်သည်။ အချို့က ငယ်ရွယ်သောကလေးများတွင် ကာကွယ်ဆေးထိုးခြင်းကို ကန့်ကွက်ကြသည်။ သို့သော် အသက် ၁၁နှစ်၊ ၁၂ နှစ် အရွယ် ကလေးများသည် မေးခိုင်၊ ဆုံဆို့၊ ကြက်ညှာကာကွယ်ဆေး ထပ်မံအားဖြည့်ထိုးခြင်း၊ ဦးနှောက်အမြှေးရောင် ကာကွယ်ဆေး များ ထိုးလာခြင်းကြောင့် တစ်ချိန်တည်းမှာပင် HPV ကာကွယ်ဆေးကို ထိုးလိုက်သင့်ကြောင်း သိရသည်။ မြီးကောင်ပေါက် အရွယ်တွင် ပြည့်ဝသော ကာကွယ်ဆေးထိုးပြီး လိင်ပညာပေးမှုများရှိထားမှသာလျှင် မကြာမီလိင်ပိုင်းဆိုင်ရာ စတင်တက်ကြွ တော့မည့် ဆယ်ကျော်သက်များအတွက် မဖြစ်သင့်သောရောဂါများကို တားဆီးပြီးသားဖြစ်မည်ဟု လေ့လာသူများကဆိုသည်။

ဝ၃၁

More from ကျန်းမာရေးဆောင်းပါး

Marikana သတ္တုတွင်းဆန္ဒပြပွဲအကြမ်းဖက်နှိမ်နင်းမှု နှစ်ပတ်လည်အခမ်းအနားကိုကျင်းပ

တောင်အာဖရိက Marikana ပလက်တီနမ်တူးဖော်ရေးလုပ်ငန်းတွင် ပြီးခဲ့သည့်နှစ်အတွင်းကဆန္ဒပြလုပ်သား ၃၄ ဦး သေဆုံးခဲ့ရသည့် အကြမ်းဖက်နှိမ်နင်းမှုဖြစ်စဉ် read more

ကျန်းမာရေးစနစ်အပေါ် ရှပ်တိုက်ပြေးလွှားကြသူများ

စနစ်ဆိုသည်မှာလူအများစုမှ ဝိုင်းဝန်းထောက်ခံကာ စံအဖြစ်ထားရှိသော အတိုင်းအတာတစ်ခု ဖြစ်ပါသည်။ စနစ်ဟုဆိုရာတွင် အတိုင်းအဆ၊ သို့မဟုတ်စည်းဘောင်များရှိနေပြီး စနစ်တစ်ခုဖြစ်ပေါ်မှုတိုင်းတွင် read more