ဈေးသည်အသံ

ကျောင်းသုံးပစ္စည်း အရောင်းသွက်

ရန်ကုန်၊ မေ ၂ဝ။ ။ ရန်ကုန်မြို့ရှိ ဈေးကွက်များထဲတွင် ကျောင်းဖွင့်ချိန် နီးလာသည်နှင့် တစ်ပြိုင်နက် ကျောင်းသုံးပစ္စည်းအရောင်းတွင်ကျယ်နေသည့်အပြင် မိုးတွင်း ဝတ်ဖိနပ်များ၊ မိုးကာများ၊ ထီးများ၊ အရောင်းတွင်ကျယ်စွာ ရောင်းချနေ လျက်ရှိရာ ကျောင်းဝတ်စုံများအပြင်၊ ကျောင်းသုံးဗလာစာအုပ်များ၊ စာရေး ကိရိယာများ၊ ကျောပိုးအိတ်ဒီဇိုင်းမျိုးစုံဖြင့် စုံလင်စွာ စတင်ရောင်းဝယ်နေသည်ကို တွေ့မြင်ခဲ့ရပြီး ကုန်ဈေးတန်းလမ်းမှ လက်လီလက်ကား ရောင်းချနေသော ရွှေခြင်္သေ့စာရေးကိရိယာပစ္စည်းဆိုင်မှ တာဝန်ခံက ဈေးကွက်အနေအထားကို ပြောသည်။
”ကလေးတွေ ကျောင်းဖွင့်ချိန်နီးလာတဲ့ရာသီ မရောက်ခင်ကတည်းက ရောင်းအားသွက်လာတယ်။ မနှစ်ကထက် ဒီနှစ်မှာ ပုံစံခပ်ဆန်းဆန်းလေးတွေ အဝင်များလာတယ်။ ဗလာစာအုပ်ဆိုလည်း ယောကျာ်းကလေးတွေက Power Ranger, Angry Bird, Spider Man, Super Man, Pooh,အရုပ်လေးတွေကို မက်မော ပြီး ဝယ်ယူတတ်ကြတယ်။ မိန်းကလေးတွေကြတော့ စင်ဒရဲလား၊ စနှိုးဝိုက်၊ ဘာဘီပုံလေးတွေ အဝယ်များကြတယ်။ စက္ကူအမျိုးအစားပေါ်ကြည့်ပြီး ဈေး ကွာဟမှုလေးတွေ ရှိနေတယ်။ တချို့ ကလေးတွေက တစ်ကြောင်းမျဉ်းပေါ့။ စာရွက်အချောနဲ့ အကြမ်းပေါ် မူတည် ပြီး ဈေးကွဲသွားတယ်”ဟု ကျောင်း သုံးစာရေးကိရိယာပစ္စည်း ဈေးကွက် ၏ မိုးရာသီအစ ဈေးကွက်တွင် ကျယ် ပုံကို ပြောသည်။
ကျောင်းသုံးဖတ်စာအုပ်နှင့်ပတ် သက်ပြီး ရွှေဘုံသာလမ်းတွင် ဖြန့်ဖြူး ရောင်းချသူများက ပြောသည်မှာ ”ကျောင်းမဖွင့်ခင်ကာလကတည်းက ရောင်းရတယ်။ ကျောင်းမဖွင့်ခင်မှာ သင်ရိုးညွှန်းတမ်းစာအုပ်ကို မိတ္တူကူး ပြီး ရောင်းရတဲ့အတွက် ချုပ်ရောင်း တာတွေလည်း ရှိတယ်။ တချို့ သင်ရိုး ညွှန်းတမ်းတွေက အသစ်ဆိုရင် မူရင်း တစ်စုံအသစ်ရဖို့ ခဲယဉ်းတယ်။ ပုံနှိပ် ရာမှာလည်း ခက်ခဲတယ်။ အစိုးရရဲ့ တရားဝင်ပုံနှိပ်ပြီးသားကိုပဲ မိတ္တူပွားပြီး ရောင်းလိုက်တာလဲ ရှိတယ်။ အစစ်ကျ တော့ ဈေးတစ်မျိုးရောင်းချတယ်။ မိတ္တူကျတော့ဈေးတစ်မျိုး။ စာအုပ်ထဲ ကပုံတွေကလည်း အရောင်စုံပြီး အရည်အသွေးကွာသွားတာပါ။ ဈေးက တော့ အတန်းအလိုက် နည်းနည်း ကွာဟသွားတာပဲရှိတာပါ။ ဒါပေမဲ့ တချို့ချုပ်ပြီးသား ဝယ်ကြတယ်။ တချို့ ကကျတော့ အစုံလိုက်ပဲ ဝယ်ဖြစ်ကြ တယ်။ ချုပ်ခကတော့ သက်သာတဲ့ ဈေးနှုန်းဆိုတော့ ကတ်ထူကတော့ အပေါစားအသားနဲ့ချုပ်ပြီး ရောင်း တယ်။ (၁ဝ)တန်းစာအုပ်မှာဆိုရင် မချုပ်ရသေးတဲ့ဖတ်စာအုပ်က အနိမ့် ဆုံးဈေးက (၆ဝဝဝ) ကျော်ရောင်းချ တယ်။ ဒီအချိန်ဆို ကျူရှင်ကြိုအပ်ကျ တော့ ကျောင်းထုတ်က မရသေးတာ လည်းပါတယ်။ ကျောင်းဖွင့်လာရင် တော့ အရောင်းနည်းနည်းပါးသွား တယ်”ဟု ရှင်းပြသည်။
ဝ၁၄

More from ဈေးသည်အသံ

ဝယ်ယူသူစိတ်ကြိုက်ဖြစ်ရန် အရည်အသွေးက အကောင်းဆုံးဖြစ်ရန်လို

မြန်မာပြည်တွင်း၌ ထုတ်လုပ်ပြီး ရောင်းအားအကောင်းဆုံးစာရင်းတွင် ပါဝင် သော I-Max, Step, Indigo တံဆိပ်များကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော read more

သင်္ကြန်ဈေးကွက်အတွင်း ရောင်းကောင်း၍ ပစ္စည်းများပြတ်လပ်

စားသောက်ကုန်တွင် ရာသီပေါ်သီးနှံဈေးကွက်အထင်အရှားရှိသလို အသုံး အဆောင်ပစ္စည်းများတွင်လည်း အချိန်အခါရာသီကိုလိုက်၍ ရောင်းအားကောင်း သောကုန်ပစ္စည်းများလည်းရှိသည်။ read more