နိုင်ငံတကာသတင်း

တိကရစ်မြို့သိမ်းတိုက်ပွဲအတွင်း ဆက်ဒမ်ဟူစိန်ဂူဗိမာန် ဖျက်ဆီးခံရ

မတ် ၁၆

အီရတ်နိုင်ငံ တိကရစ်မြို့ Islamic State (IS) တပ်ဖွဲ့များကို တိုက်ထုတ်ရန် အီရတ်အစိုးရတပ်ဖွဲ့များနှင့် အီရန်ကျောထောက်နောက်ခံပြု ရှီအာလက်နက်ကိုင်တပ်ဖွဲ့တို့၏ ပူးပေါင်းစစ်ဆင်ရေးတိုက်ပွဲများအတွင်း တိကရစ်မြို့ တောင်ပိုင်း al- Awja ကျေးရွာရှိ ကွယ်လွန်သူ အီရတ်စစ်အာဏာရှင် ဆက်ဒမ်ဟူစိန်၏ ရုပ်အလောင်းမြှုပ်နှံရာ အဆောက်အအုံမှာ လုံးဝနီးပါး ပြိုကျပျက်စီးခဲ့ရပြီး ကွန်ကရစ်တိုင်အချို့သာ ထိုးထိုးထောင်ထောင် ကျန်ရစ်သည်ကို AP သတင်းတစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။

တိကရစ်မြို့ကို ယမန်နှစ် ဇွန်လကပင် သိမ်းယူထားသည့် IS တပ်ဖွဲ့က သြဂုတ်လတိုက်ပွဲမျာအတွင်း ဆက်ဒမ်ဟူစိန်၏ ဂူဗိမာန်ပျက်စီးသွားခဲ့ပြီးဖြစ်သည်ဟု ပြောကြားခဲ့ဖူးသော်လည်း ဒေသခံတို့က ငြင်းဆိုကာ အနည်းအကျဉ်းမျှသာ ထိခိုက် ပျက်စီးမှုရှိခဲ့ကြောင်း ပြောကြားခဲ့ကြသည်။ ဒေသခံ ဆွန်နီလူမျိုးစုတို့က ဆက်ဒမ်ဟူစိန် ရုပ်အလောင်းကို ပြီးခဲ့သည့်နှစ်ကပင် အခြားလုံခြုံရာတစ်နေရာသို့ ရွှေ့ပြောင်းထားရှိခဲ့ပြီးဖြစ် ကြောင်း ပြောကြားခဲ့သော်လည်း နေရာဒေသအတိအကျကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

တိကရစ်မြို့အား ၄၈ နာရီအတွင်း သိမ်းယူရန် ကတိပြုထားသော အီရတ်လုံခြုံရေးတပ်ဖွဲ့များက မြို့၏မြောက်ဘက်နှင့် တောင်ဘက်အခြမ်းတို့ကို တိုက်ပွဲအရှိန်မြှင့်တင် တိုက်ခိုက်ရာမှ ဆက်ဒမ်ဟူစိန်၏ ဂူဗိမာန် ပျက်စီးသွားခဲ့ရခြင်းဖြစ်သည်။ တစ်ချိန်က ဆက်ဒမ်ဟူစိန်၏ ရုပ်ပုံကားချပ်ကြီးများ ထားရှိရာနေရာတွင် ရှီအာလက်နက်ကိုင်တို့၏အလံများနှင့် ယင်းတို့ကို ထောက်ခံသော အီရန်ဗိုလ်ချုပ်ကြီး Qassem Soleimani ၏ ရုပ်ပုံအပါအဝင် ရှီအာလက်နက်ကိုင်ခေါင်းဆောင်တို့၏ ရုပ်ပုံများကို ချိတ်ဆွဲထားခဲ့ကြသည်။

ဆက်ဒမ်ဟူစိန်၏ ဂူဗိမာန်ကို ရှီအာတို့က ရည်ရွယ်ချက်ဖြင့် ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်ဟု ဆွန်နီလူမျိုးစု အသိုင်းအဝိုင်းက သံသယပွားလျက်ရှိကြသည်။

ဝ၂၇၊ BBC News

More from နိုင်ငံတကာသတင်း

အပြောထက် လက်တွေ့ကိုသာ မြင်တွေ့လိုဟု သမ္မတအာဆတ် ဆို

ဆီးရီးယားနိုင်ငံအား နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရပ်သို့ ရောက်ရှိရေး ညှိနှိုင်းဆွေးနွေးပွဲများ၌ ဆီးရီးယားသမ္မတ Bashar al- Assad ပါဝင်သင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ၏ ပြောကြားချက်ကို သမ္မတ အာဆတ်က ပယ်ချလိုက်ပြီး read more

လူထုမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သော ရုရှားသမ္မတ ပူတင် ၁၀ ရက်အကြာတွင် အခမ်းအနားတစ်ခု၌ ပြန်လည်ထွက်ပေါ်လာခဲ့

မတ်လ ၅ ရက်နေ့မှစတင်၍ လူထုပရိသတ်မြင်ကွင်းမှ ဆယ်ရက်တိုင် ပျောက်ကွယ်နေခဲ့သော အသက် ၆၂ နှစ်အရွယ်ရှိ ရုရှား သမ္မတ Vladimir Putin သည် ရုရှားနိုင်ငံ၏ ဒုတိယမြို့တော် St.Peters- burg မြို့ရှိ Constantine Palace နန်းတော်၌ မတ်လ ၁၆ ရက်နေ့က ကာဂျစ်သမ္မတ Almazbek Atam- bayev အား လက်ခံတွေ့ဆုံသည့် အခမ်းအနားတစ်ရပ်တွင် ပြန်လည်ပေါ်ထွက်လာခဲ့ပြီး read more