သတင်း

တပ်မတော်သည် ပြည်သူလူထု၏ ဆန္ဒနှင့်အညီသာလျှင် အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် ပါဝင်သင့်သည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ပြောကြား

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် အစဉ်တစိုက် ပါဝင်ရမည်ဟူသော စကားရပ်သည် ဒီမိုကရေစီကျင့်စဉ်နှင့်ညီညွတ်မှုမရှိသဖြင့် ပြည်သူလူထု၏ ဆန္ဒနှင့်အညီသာလျှင် ပါဝင်ထမ်းဆောင်နိုင်ရေးကို မိမိတို့ဦးတည်ပါကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ဦးခင်မောင်ဆွေက ပဲ့တင်သံသို့ပြောသည်။ read more

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးအတွက် ၂၀ဝ၈ ဖွဲ့စည်းပုံကို လေ့လာသုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဖြစ်ရေးကိစ္စများ အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရ

တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးအတွက် ၂၀ဝ၈ ဖွဲ့စည်းပုံကို လေ့လာသုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို နေပြည်တော်၌ ကျင်းပခဲ့သည်။ ထိုပွဲတွင် ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဖြစ်ပေါ်ရေးကို အဓိက ဆွေးနွေးခဲ့ကာ ဆွေးနွေးပွဲရလဒ်များသည် လွှတ်တော်မှဖွဲ့စည်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ကော်မတီအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပါဝင်တက်ရောက်ခဲ့သောကိုယ်စားလှယ်များက ပြောသည်။ read more

ရှမ်း(မြောက်)တပ်မတော် ဌာနချုပ်အနီး ရွာတစ်ရွာကို မြန်မာ့တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

အပစ်အခတ်ရပ်စဲထားသော ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို မြန်မာတပ်မတော်ကထိုးစစ်ဆင်တိုက်ခိုက်နေရာ ရှမ်း(မြောက်) ဌာနချုပ်အနီး ရွာတစ်ရွာကို ဇွန်လ ၂၃ ရက်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သဖြင့် လူတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားကြောင်း ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ ဇူလိုင် ၂ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ read more