သတင်း

ရသတံတား ဘာသာပြန်စာပေဆွေးနွေးပွဲတက်ရောက်လိုသူများစတင်လျှောက်ထားနိုင်

ရန်ကုန်၊ မတ် ၁၂

ရသတံတားအမည်ဖြင့် နိုင်ငံတကာဘာသာပြန်စာပေ နှီးနှောဖလှယ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် မေလ ၂၇ ရက်မှ ၃၁ ရက်အထိ ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်ဂါးဒင်းဟိုတယ်တွင် ကျင်းပမည်ဖြစ်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်လို သူများအနေဖြင့် ပဲန်မြန်မာ၌ လျှောက်ထားနိုင်ကြောင်း သိရသည်။

ဘာသာပြန်စာပေအလုပ်ရုံဆွေးနွေးပွဲကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ပါဝင်နိုင်ရန် ရည်ရွယ် ထားကြောင်း၊ ဘာသာပြန်ရန် အရည်အသွေးရှိသည်ဟု ယုံကြည်မှုရှိသူများအနေဖြင့် မည်သူမဆိုပါဝင်နိုင် ကြောင်းနှင့် ဘာသာပြန်စာပေအလုပ်ရုံဆွေးနွေးပွဲကို နှစ်ရှည်စီမံကိန်းအဖြစ် နှစ်စဉ်ကျင်းပနိုင်ရန် စီစဉ်သွား မည်ဖြစ်ကြောင်း ပဲန်မြန်မာ၏ ဥက္ကဋ္ဌ၊ စာရေးဆရာမ မသီတာ(စမ်းချောင်း) က ပြောသည်။

ရသတံတား နိုင်ငံတကာဘာသာပြန်စာပေ နှီးနှောဖလှယ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို လက်တွေ့ဘာသာ ပြန်ဆိုမှုနှင့် ဆွေးနွေးပွဲများ ကျင်းပခြင်းဟူ၍ အပိုင်း ၂ ပိုင်း ခွဲထားပြီး လက်တွေ့ဘာသာပြန်ဆိုမှုကို နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲများကို နေ့လယ်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ လက်တွေ့ဘာသာပြန်ဆိုမှုကို တက်ရောက်နိုင်ရန် တက်ရောက် သူ ၂၀ ဦးကိုရွေးချယ်မည်ဖြစ်ပြီး ယင်းအတွက် ပဲန်မြန်မာတွင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲများသို့ တက်ရောက်လိုသူများအနေဖြင့် လျှောက်ထားရန်မလိုဘဲ မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်သည်။

လက်တွေ့ဘာသာပြန်ဆိုမှုတွင် အင်္ဂလိပ်မှမြန်မာဘာသာသို့ ပြန်ဆိုခြင်း၊ မြန်မာမှအင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းဟု နှစ်ပိုင်း ခွဲထားပြီး ယင်းအစီအစဉ်တွင် ပါဝင်လိုသူများသည် လျှောက်လွှာနှင့် ဘာသာပြန်ရမည့် နမူနာများကို ပဲန်မြန်မာ ရုံးခန်း၊ အမှတ် ၃၁၊ တတိယထပ်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၃၉၆၂၁၁နှင့် အီးမေးလ်-penmyanmarcenter@gmail. com သို့ ဆက်သွယ်ရယူနိုင် ကြောင်းနှင့် ၂၀၁၅ ခုနှစ် ဧပြီ ၂၀ ရက်ကို နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားကြသူများထဲမှ အင်္ဂလိပ်မှမြန်မာသို့ လက်တွေ့ဘာသာပြန်ဆိုမှုအတွက် တက်ရောက်သူ ၁၀ ဦးနှင့် မြန်မာမှ အင်္ဂလိပ်သို့ လက်တွေ့ဘာသာ ပြန်ဆိုမှုအတွက် တက်ရောက်သူ ၁၀ ဦးတို့ကို ရွေးချယ်ရေးကော်မတီက ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ဝ၂၄

More from သတင်း

တိကရစ်မြို့သိမ်းတိုက်ပွဲအတွင်း ဆက်ဒမ်ဟူစိန်ဂူဗိမာန် ဖျက်ဆီးခံရ

အီရတ်နိုင်ငံ တိကရစ်မြို့ Islamic State (IS) တပ်ဖွဲ့များကို တိုက်ထုတ်ရန် အီရတ်အစိုးရတပ်ဖွဲ့များနှင့် အီရန်ကျောထောက်နောက်ခံပြု ရှီအာလက်နက်ကိုင်တပ်ဖွဲ့တို့၏ ပူးပေါင်းစစ်ဆင်ရေးတိုက်ပွဲများအတွင်း တိကရစ်မြို့ တောင်ပိုင်း al- Awja ကျေးရွာရှိ ကွယ်လွန်သူ အီရတ်စစ်အာဏာရှင် ဆက်ဒမ်ဟူစိန်၏ read more

အပြောထက် လက်တွေ့ကိုသာ မြင်တွေ့လိုဟု သမ္မတအာဆတ် ဆို

ဆီးရီးယားနိုင်ငံအား နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရပ်သို့ ရောက်ရှိရေး ညှိနှိုင်းဆွေးနွေးပွဲများ၌ ဆီးရီးယားသမ္မတ Bashar al- Assad ပါဝင်သင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ၏ ပြောကြားချက်ကို သမ္မတ အာဆတ်က ပယ်ချလိုက်ပြီး read more