လာလေ့

မသေဘဲကျန်နေတာ
ကံကောင်းတာလား
ကံဆိုးတာလား
ကံကို ယုံပြီး ဆူးပုံနင်းတာ မဟုတ်ခဲ့ဘူး . . .
ပထမ ၂၆ နှစ် ဒုတိယ ၂၅ နှစ်
ခေတ်ကြီးကလည်း ဒီအတိုင်း
စနစ်ကြီးကလည်း ဒီအတိုင်း
ဒီအတိုင်းဆို မသေခင်တော့ တစ်ချီတစ်မောင်း ။       ။

မောင်စိမ်းနီ
၁ ၊ သြဂုတ် ၂၀၁၃ ခုနှစ်

၁၉၈၇ ခုနှစ် စက်တင်ဘာ ၅ ရက်မှ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၉ ရက် အထိ

အချိန်ကာလအကျဉ်းကို အစဉ်အတိုင်းသိရှိနိုင်ရန် ဖော်ပြပါကာလများအပေါ်တွင် ကလစ်တစ်ချက်နှိပ်ပေးပါ။ ၁၉၈၇ ခုနှစ် စက်တင်ဘာ ၅ ရက်မှ ဒီဇင်ဘာ ၁၁ ရက် ၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်မှ မတ်လ ၁၆ ရက် ၁၉၈၈ ခုနှစ် မတ်လ ၁၇ ရက်မှ ဇွန်လ ၁၂ ရက် ၁၉၈၈ ခုနှစ် ဇွန်လ ၂၂ ရက်မှ ဇူလိုင် ၂၀ ရက် ၁၉၈၈ ခုနှစ် ဇူလိုင် ၂၃ … read more

၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက် မှ ဒီဇင်ဘာလ ၁၁ ရက်

၅ စက်တင်ဘာ ၁၉၈၇ ၂၅ ကျပ်၊ ၃၅ ကျပ်နှင့် ၇၅ ကျပ်တန်များကို တရားမဝင် ငွေစက္ကူများအဖြစ် အစိုးရက ရုတ်တရက် ကြေညာသည်။ ငွေ စက္ကူတရားမဝင်ကြောင်း အမိန့် ကြေညာချက်ကို ထိုအချိန်က နိုင်ငံတော်ကောင်စီ အတွင်းရေး မှူးဦးစိန်လွင်က လက်မှတ်ရေး ထိုး၍ ထုတ်ပြန်ခြင်းဖြစ်သည်။ ၁၉၈၅ ခုနှစ်တုန်းကကျပ် ၁၀ဝ တန် ငွေစက္ကူများကို တရားမဝင် ကြေညာသော်လည်း အစိုးရက အခြားငွေစက္ကူများနှင့် လဲလှယ် ခွင့်ပေးခဲ့သည်။ ၁၉၈၇ ခုနှစ် တွင်မူမည် သည့်အစားထိုးပေး … read more